Unicode
[အချပ်ပို-လေး]မြိုင်ဟုခေါ်လာသည့် ထိုမိန်းကလေးကြောင့်မြိုင့်၏မျက်၀န်းတို့ ဝိုင်းစက်သွားသည်အထိအံ့ဩရပါသည်။ တစ်ခါမျှ မမြင်ဘူးသည့် ထိုမိန်းကလေးဟာ မြိုင့်နာမည်အား မည်သို့သိနေပါသနည်း။
"ဒီကမိန်းကလေးက ကျွန်မကိုသိလို့လား"
ဟုမျက်ဆံဝိုင်းဝိုင်းလေးဖြင့်မေးနေသည့်ထိုအမျိုးသမီးကြောင့်သူမ၏ရင်ခုန်သံတို့ဟာတဖန်လှိုင်းထန်လာပြန်သလို မျက်နှာတဝိုက်လဲပူလာလေသည်။ ထို့ကြောင့် နေပူပူအောက်တွင်နေ၍သာ ပူလာသည်ဖြစ်မည်ဟုတွေးကာ ငြိနေသည့်ထိုလက်ကောက်ကိုချွတ်ခဲ့၍ ခြင်းတောင်းလေးချကာသူမ၏လက်ကောက်အားပြန်ပေးမည်လုပ်နေသည့်အမျိုးသမီးအားချန်ခဲ့ကာ တောင်ပေါ်လမ်းတလျှောက်အမြန်လေးထွက်ပြေးခဲ့သည်ကို သူမအိပ်ယာထဲ လှဲလျောင်းရင်း ပြန်တွေးနေမိသည်။ ဘယ်လိုအကြောင်းကြောင့်များ ထိုအမျိုးသမီးအား ရင်ခုန်မိမှန်းနားလည်လို့ မရနိုင်အောင် ရှိလှသည်။ ထို့ကြောင့်မနက်ဖြန်တွင်လည်း ထိုအမျိုးသမီးအား ထပ်သွားရှာမည်ဟုတွေးသည်။ သွားရှာမည်ဟုဆိုသော်လည်း လက်တွေ့မှာသွား၍ခိုးကြည့်မည့် အဖြစ်ပါပင်။
မနက်ခင်းနေလုံးနီနီဟာ ကောင်းကင်ယံကိုအလင်းဆောင်လေသည်။ မိုးလင်းသည်နှင့်ကြက်ဖကြီးကတွန်သံပြုကာပတ်၀န်းကျင်အားစတင်လှုပ်ရှားစေလေသည်။ သူမ၏အိမ်ေအာက်မှလဲ အဖေနှင့်မေလးတို့၏ လှုပ်ရှားသံများကို ကြားေနရသည်။ သို့သော် ထို့ထဲတွင်တော့ သူမ,မပါပါ။ ရှမ်းပြည်၏အအေးဓာတ်ကြောင့် စောင်ပုံထဲမြုပ်နေသည်အထိကွေးနေတုံး အိမ်အောက်မှမမျှော်လင့်ထားသည့်အသံကို ကြားလိုက်ရသည်။ အသံငယ်ဟာတိုးသော်လည်း နားပါသည့်သူမတော့ကြားသည်။ ထိုအသံပိုင်ရှင်ကိုလဲသူမသိသည်။
အလျှင်အမြန်ပဲအနွေးထည်ကိုတင်းနေအောက်၀တ်ကာ ကိုယ့်မျက်နှာကိုမှန်မှာပြန်ကြည့်ပြီးမှ အောက်ထပ်သို့အပြေးကလေးပဲဆင်း၍ အသံလာရာဘက် ချောင်းကြည့်တော့ မနေ့ကတွေ့ခဲ့သည့် အမျိုးသမီးပင်။ အဖေ၊မလေးတို့နှင့်စကားပြောရင်းရီနေသည့် ထိုအမျိုးသမီးအား သူမတမေ့တမြောငေးကြည့်နေသည်။

YOU ARE READING
မေ့ရဲ့မမမြိုင်
Romansa🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...