(Part-62)

1.3K 109 3
                                    

Unicode
"အပိုင်း-ခြောက်ဆယ့်နှစ်"

"အိုညီမမေ ဘယ်လိုဖြစ်တာလဲ...ဘာလို့ဖြူဖျော့နေရတာလဲ ထပါအုံး ရေလေးသောက်ကွယ်"

ဟုဆိုကာ ပြောနေသည့်မိန်းကလေးအား မေ့မျက်၀န်းတို့မှ တဝိုးတဝါးလေးမြင်နေရသည်။ ထိုအမျိုးသမီးလေး၏မျက်၀န်းတို့တွင် မျက်ရည်စက်များ တွဲလွဲခိုနေကြသည်။ မျက်ခုံးတန်းတန်းကလေးများဟာလဲ ကွေးညွှတ်နေကာ စိုးရိမ်တကြီးဖြစ်နေသလိုပင်။ ရှားရှားပါးပါး မေ့အားဖတ်ထားကာ သူမ၏ရင်ခွင်ထဲသွင်းရင်း ရေတိုက်နေသည့်အမျိုးသမီးလေးဟာ မေ့၏အမျိုးသမီးလေးပင်။

"ဒါကအိမ်မက်ဆိုရင်မေ မနိုးချင်ဘူးမြိုင်ရယ်"

ဟုတိုးတိုးလေးပြောတော့ အမျိုးသမီးလေးဟာခေါင်းခါရင်းပြုံးပြလေသည်။ သို့သော်မျက်၀န်းညိုတို့တွင် မျက်ရည်စက်များပါတွဲလွဲခိုလာလေသည်။

"လူဆိုးမလေးကတော့ကွယ် ဆိုးလိုက်တာ အခုထတော့ အစားလေး၀င်အောင်စား"

ဟုပြောသံနှင့်အတူ အညိုအမဲတို့စပ်ယှက်နေသည့် အိမ်မက်ကမ္ဘာဟာ အမှောင်အတိကျသွားလေသည်။ ထို့မေတစ်ယောက်မျက်လုံးတို့အား, အားယူကာဖွင့်လိုက်ရင်း ထထိုင်လိုက်သည်။ နိုးနိုးခြင်းရင်ထဲတွင် အိမ်မက်ကြောင့် လစ်ဟာနေသည်။ ယခုလိုအချိန်တွေရောက်လျှင် မြိုင့်ကိုသတိရသည်။ မြိုင့်အား ရင်ခွင်ထဲထွေးပွေ့ထားချင်သည်။ ပါးပြင်နုနုလေးထံ အနမ်းခြွေ‌ချင်သည်။

သို့သော် ဒီပွဲမပြီးမချင်းတော့ မေပြန်လို့ရအုံးမည်မဟုတ်၊ မြိုင့်အားအပူအပင်ကင်းကင်းဖြင့်ထွေးပွေ့ထားနိုင်မည်မဟုတ်ပေ။ ထို့‌ေနာက် လက်ကနာရီကိုကြည့်တော့ ည၇နာရီထိုးနေပြီဖြစ်သည်။

"ငါဒီလောက်အိပ်ပျော်သွားတာလား"

ဟုတိတ်တိတ်လေးပြောနေတုံး ပန်းကန်လုံးတစ်လုံးနှင့် ၀င်လာသည့်ဝါဝါပင်။

"မေ‌နင်ခုနကယောင်နေတော့ ငါစိတ်ပူပြီးလာကြည့်သေးတယ် ဒါပင်မဲ့ကိုထွန်းအောင်က ဆက်အိပ်ပါစေဆိုလို့ ငါမနိုးပဲနေတာ အခုရောသက်သာပြီလား ဒဏ်ရာကနာနေသေးလား"

မေ့ရဲ့မမမြိုင်Where stories live. Discover now