(Part-16)

2.2K 172 12
                                    

Unicode
"အပိုင်း-တစ်ဆယ့်ခြောက်"

မေရေသောက်နေတုံး ထမင်းစားရန်အတူထွက်လာကြသည့် အမေနှင့်အဖေကိုကြည့်ပြီး စိတ်ထဲမှာသိပ်ဘ၀င်မကျ။ အမေကတစ်လမ်း အဖေကတစ်လမ်းနှင့် ယခုလိုစကားလဲမပြောပဲ ရုပ်တည်ကြီးနှင့်‌ထွက်လာတာ အမြဲလိုလို ဖြစ်နေသောကြောင့်ဖြစ်သည်။

"သမီးဗိုက်ဆာနေပြီလား"

"သမီးမေဗိုက်ဆာနေပြီလား"

မေ့ကိုတပြိုင်တည်းမေးလာသည့် အမေနှင့်အဖေကိုကြည့်ပြီး ဘာပြောရမှန်းမသိ။ အလိုက်သင့်ပဲ စားကြမယ်လေ ဟုပြောကာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ထမင်းစားလိုက်ကြသည်။ ထမင်းစားလို့ပြီးတော့ မိတ်ဆွေတစ်ယောက်နဲ့ အလုပ်ကိစ္စ ဆွေးနွေးစရာရှိသည်ဟုဆိုကာ အဖေအပြင်ထွက်သွားသဖြင့် မေနဲ့အမေ နှစ်ယောက်ထဲ ခြံထဲသွားထိုင်ရင်း အချိုတည်းနေကြသည်။

"သမီးမနက်က သားငယ်နဲ့အပြင်သွားတာအဆင်ပြေခဲ့လား"

"ဟုတ်ပြေပါတယ် အစကသမီးတစ်ယောက်ထဲ အလုပ်ကိစ္စသွားလုပ်မယ် တွေးထားတာ သူရောက်လာတော့ အတူသွားဖြစ်ကြရုံပါပဲ"

"အော်သိပြီ ဒါနဲ့သားငယ်နဲ့သမီး မီးဖိုချောင်ထဲမှာပြောနေတာ အမေမတော်တဆကြားမိသွားတယ်"

အမေ့စကားဆုံးဆုံးခြင်းမေ့ရဲ့လက်ဖျားတို့ရုတ်တရက်ဆိုသလို အေးစက်လာသည်။ မမမြိုင်နဲ့ပတ်သတ်နေသည့်ကိစ္စဆို မေ့မိဘတွေကို ဘယ်လိုရှင်းပြရလဲ မေမတွေးထားမိ။

"သမီးမေ အဆင်ပြေရဲ့လား"

မေပုံစံကို အမေသတိထားမိသွားသည့်ပုံပင်။

"အဆင်ပြေပါတယ် အမေဘယ်ဟာကိုကြားခဲ့တာလဲ.."

မေ့စကားအဆုံး မေ့ခေါင်းကိုပုတ်ရင်းအေးစက်နေသည့် မေ့လက်တွေကို ကိုင်ကာပြောလာသည့် အမေ့ကိုကြည့်ပြီး

"မျိုးတူခြင်းချစ်မိအောင် ဘယ်အရာတွေကဆွဲဆောင်လိုက်လဲဆိုတာကို အမေကြားခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အမေလန့်သွားပင်မဲ့ အကယ်၍များ သမီးလေးချစ်တဲ့သူကမိန်းကလေးဖြစ်နေရင်တောင် သမီးပျော်ရင်၊ ဘေးကင်းရင်၊ အဆင်ပြေရင်၊ အမေကလက်ခံပေးနိုင်ပါတယ်။ ဒါကြောင့်အမေ့ကိုမဖုံးကွယ်ပဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရ‌တယ်နော် အမေ့မှာဒီသမီးပဲရှိတာ"

မေ့ရဲ့မမမြိုင်Where stories live. Discover now