Unicode
"အပိုင်း-ငါးဆယ့်သုံး""လူဆိုးမလေးပဲ အခုလက်တွေကိုနေရာရွေ့"
ဟုပြောလာမှ နူးညံ့နေသည့်အရာတို့ပေါ် တင်ထားမိသည့်လက်တို့အားသတိတရဖြင့် နောက်တဖန်မသိမသာ ထိလိုက်ကာ ရေချိုးလိုက်အုံးမည်ဟုပြောပြီးနောက်ဘက်ရှိအုတ်ကန်ကြီးထံ အပြေးကလေးသွားကာ
"ဝေါဝေါ ဘုံး ဘုံး" [AN-ဘရွှတ်ဘရွှတ်]
ဟုအသံတွေမြည်တဲ့အထိရေအေးတို့အား ရှက်သည့်စိတ်ပြေစေရန်လောင်းချိုးနေလိုက်သည်။ ထို့နောက်လေအဝေ့တွင် မေတစ်ယောက် အေးခဲပြီးဖြူဖတ်ဖြူလျော်ဖြစ်လာသည်မို့ မျက်နှာပူရသည့်အဖြစ်အပျက်အားမေ့ကာ အကျီလက်ရှည်နှင့်ဘောင်းဘီရှည်အားကြိုးတပ်ပြီးနောက် ထမင်းစားရန်မီးဖိုချောင်ထဲသို့၀င်သွားလိုက်သည်။
မီးဖိုချောင်ထဲရောက်တော့မေ့ကိုစောင့်နေသည့်မြိုင်ကြောင့်မျက်နှာပူလာကာ ထမင်းမြန်မြန်စားလိုက်သည်။ ထို့နောက် မြိုင်ဘုရားရှိခိုးနေတုံးမေအပြင်ထွက်ကာရေဒီယိုမှသတင်းတို့အားနားစွင့်နေလိုက်သည်။
‘ရန်ကုန်တွင် ဗိုလ်နေဝင်းဘက်မှ တိုင်းသူပြည်သူများအပူအပင်ကင်းစွာနေထိုင်နိုင်ေရးအတွက် အခြေနေများတည်ငြိမ်အောင်ဆောင်ရွက်လျှက်ရှိ’
ဟုသည့်သတင်းကြားပြီး အူတွေပြတ်တဲ့အထိကို မေတစ်ယောက်ရီမောလိုက်ချင်သည်။ တိုင်းပြည်အတွက်အဆိတ်အတောက်က ပြည်သူတွေအပူအပင်ကင်းအောင်ဆောင်ရွက်ပေးအုံးမည်တဲ့။ ထမင်းစားသည့်ပါးစပ်နှင့်ပဲ ထိုစကားတို့အားပြောလာသည်လား မေမသိ။ အတော်တော့စက်ဆုတ်ဖွယ်ကောင်းသည်။
ထို့ကြောင့် ရေဒီယိုလိုင်းပြောင်းလိုက်သည်နှင့်တိုက်ဆိုင်စွာ မေကြိုက်သည့်သီချင်းသံလေးနှင့်အတူ မြိုင်တစ်ယောက် ရေနွေးကြမ်းလေးကိုင်ကာ မေ့အနား၀င်ထိုင်သည်။
‘မှုန်ရီဝေတဝိုးတဝါး အိုကြယ်တွေမစုံတဲ့ည နင်ရင်ထဲရောက်လာတယ်ကွယ် ကိုယ်လေဟာနယ်လေးထဲ ရင်ခုန်နေဆဲပဲမို့ ကြင်နာသူရယ်တိုးဝေ့လို့သွား..’

YOU ARE READING
မေ့ရဲ့မမမြိုင်
عاطفية🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...