(Part-31)

2K 157 8
                                    

Unicode
အပိုင်း-သုံးဆယ့်တစ်”

မေ့အတွက် ယနေ့နိုးထလာရသည့် ခံစားချက်ဟာ အရင်နှင့်မတူ တမူထူးခြား‌နေသည်။ ပတ်၀န်းကျင်တွင် ငှက်သံလေးများမရှိ‌၊ နေရောင်ခြည်ဟာ အပြည့်အ၀မဖြန့်ကျန့်သေးသော်လည်း မီးဖိုချောင်ထဲမှ အသံအချို့နှင့် စားစရာအနံ့များဟာ မေ့၏နှာခေါင်းကိုနိုးထရန် လှုံဆော်နေသဖြင့် တွေဝေခြင်းမရှိပဲ ကောက်ကာ ငင်ကာထပြီး အိပ်ယာသိမ်းကာ ရေချိုးရန်ပြင်တုံး စားပွဲခုံပေါ်ကနာရီကိုကြည့်တော့ မနက်ခြောက်နာရီထိုးနေပြီဖြစ်သည်။

ခြောက်နာရီဆိုသည့်အချိန်တွင် အိမ်နောက်ဘက်ရှိ အုတ်ကန်မှာ ပြုံးစစဖြင့်သတ္တိရှိရင်လာခဲ့လေ ဟုမာန်ချီနေသည့်ပုံစံကို မေတွေးမိသွားသည်။ ထို့ကြောင့်ချက်ချင်းပဲ မာန်မူနေသည့် ထိုအုတ်ကန်ကိုအနိုင်ပိုင်းရန် မေသွားကြည့်တော့ လေအနည်းငယ်တိုက်နေသည့် မနက်ခြောက်နာရီတွင် အပြင်ဘက်ရေချိုးခန်းထဲက ရေများမှာ ရေခဲရေများ လောင်းထည့်ထားသည့်အလား။

ထို့သို့အေးခဲနေ‌ေသာ‌ေကြာင့် မေတစ်ယောက် လက်တောင် မြောက်ချင်သွားသဖြင့် ခက်သွပ်သွပ်ပဲ ရေချိူးပြီး အခန်းထဲအမြန်ပြန်၀င်ကာအကျီ‌လဲလိုက်သည်။ အကျီလဲလို့ပြီး‌ေ‌တာ့ အလုပ်အိတ်ကိုယူပြီး အိမ်ရှေ့ခန်းကစားပွဲခုံလေးပေါ် သွားတင်ထားကာ မီးဖိုချောင်ထဲ ၀င်လာလိုက်သည်။

မီးဖိုချောင်ထဲသို့ မေချက်ချင်းမ၀င်သေးပဲအပေါက်၀လေးမှရပ်ကာ အလုပ်ရှုပ်နေသည့်အမျိုးသမီး‌ေလးကိုကြည့်ပြီး အသည်းယားမိသည်။ ထိုအမျိုးသမီးလေးနှင့် အခုလိုနေရပြီး အိမ်မက်လားဟုထင်ရအောင် သူမကမေ့ကိုလဲ သဘောကျနေခဲ့သည်ဆိုသည့် အခိုက်အတန့်‌ေလးမှာ သေသည်အထိမမေ့နိုင်မည့်ရင်ခုန်မှုလေးပင်ဖြစ်သည်။

"ဘာတွေချက်နေတာလဲ"

ဟုမေးရင်း တိုးတိုးတိတ်တိတ်သွားကာကြောင်လေးတစ်ကောင်လို အလုပ်များနေသည့် အမျိုးသမီးလေးကိုသူမ၏နောက်ဘက်ကနေ ချွဲနွဲ့စွာဖတ်ထားမိသည်။

"အို.."

"ဘာချက်နေတာလဲ..မြိုင်"

ဟု ထိုအမျိုးသမီးလေး၏ နားအနားဖွဖွလေးပြောလိုက်သည့်အချိန်‌တွင်တော့ မေ့ခေါင်းပေါ်ကို ယောင်းမကြီးရောက်လာကာ နှဖူးတွင်ဖုကြီးကြီးတစ်ခု ရသွားပြီဖြစ်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now