(Part-64)

1.3K 101 4
                                    

Unicode
"အပိုင်း-ခြောက်ဆယ့်လေး"

တက်ညီလက်ညီဖြင့် မေတို့ကျောင်းသားအဖွဲ့မှ အတူသီဆိုရင်း ဆူးလေဘက်သို့ထွက်ကာ ချီတက်နေခဲ့ကြသည်။ အချိန်အားဖြင့်မနက်ဆယ်နာရီခန့် ဆူးလေဘုရားနားတွင် သာသနာ့အလံများ တလူလူနှင့်ရှိသည်။ လူအုပ်ကြီးများတွင် ဘုန်းကြီးများလဲပါ၀င်နေလေသည်။ ထို့နောက် တပြိုင်တည်းသပိတ်ခေါင်းဆောင်၏ဆော်ဩသံနှင့်အတူ

"စိန်လွင်ခြောက်တန်း တစောက်ကန်း!"

"စစ်အာဏာရှင်စနစ် အလိုမရှိ အလိုမရှိ!"

စသည်တို့ကို မီးကုန်ယမ်းကုန် ဟစ်ကြွေးရင်း ပြည်သူတို့၏သဘောထားများ ပြသနေခဲ့ကြသည်။ ဆူးလေဘုရား‌အနီးတွင်လည်း မောင်းပြန်သေနတ် ကိုင်ဆောင်ထားသည့် စစ်သားများကိုလဲ မေတို့မြင်နေရသည်။ ထို့နောက် ကားကြီးကြီးတစ်ခုပေါ်သို့ လူတစ်ယောက်တက်လာသည်။ ကားအောက်မလှမ်းမကမ်းမှလည်း ကင်မရာတစ်လုံးဖြင့် သတင်းဌာနမှလူများရှိနေသည်။ ထိုလူပြောသည့် အကြောင်းအရာများကို ပြည်သူလူထုကတိတ်ဆိတ်စွာဖြင့် နားထောင်နေကြသည်။

"ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေစာရင်းထဲ ကိုယ်တို့နိုင်ငံကြီး ပါ၀င်လာခဲ့ပြီဆိုတာ ကြားမိကြမှာပါ ဒီလောက်ပြည်သူလူထုက နိုင်ငံတော်အပေါ် အခွန်‌ေကြးတွေ ဆောင်နေရတာကို နိုင်ငံက ယခုလိုဖြစ်သွားတာကိုကြည့်ခြင်းဖြင့် စိန်လွင်တို့ဘယ်လောက်ယုတ်နေမှန်းသိကြမှာပါပဲ။ အဓိကလက်သည်ကတော့ နေ၀င်းပဲပေါ့ဗျာ"

ဟုသောစကားသံဆုံးသည့် နောက်လက်ခုတ်သံများညံနေအောင် ထွက်လာလေသည်။ ထို့နောက် ထိုလူမှဆက်ပြောလေသည်။

"ကဲဗျာ ရဲဘော်သုံးကျိပ်ကနေ ဖြစ်တည်လာတဲ့ဒီတပ်မတော်က ဒီလူနေ၀င်းလက်ထက်လည်းကျ ၂၆နှစ်လုံးစစ်အာဏာရှင်စနစ်နဲ့တိုင်းပြည်ကိုဖိနှိပ်တယ်။ ပြည်သူလူထုကိုဖိနှိပ်တယ် မွေးရာပါလူ့အခွင့်အရေးတွေကို တောင်းဆိုတော့ သေနတ်နဲ့ပစ်တယ်။ ဒါဟာ အစိုးရက ပြည်သူ့တပ်မတော်ကလုပ်သင့်တဲ့ကိစ္စတွေလား"

"မဟုတ်ပါဘူး လုံး၀မဟုတ်ပါဘူး!"

ဟု‌ေမးခွန်းအဆံုး အားမန်အပြည့်နှင့်ထိုအသံများထပ်မံ၍ ညံနေအောင် ထွက်လာလေသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now