(Part-33)

1.9K 166 13
                                    

Unicode
"အပိုင်း-သုံးဆယ့်သံုး"

ခေါင်းပေါ်တည့်တည့်ရောက်နေသည့် နေလုံးကြီး၏အပူရှိန်ကြောင့် မေ့၏မျက်နှာမှာနီနေသည်။ အလောတကြီးတောင်ပေါ်မှစက်ဘီးစီးကာလာခဲ့သဖြင့် နှာဖူးတွင်လည်းချွေးစို့နေသည်။ မတော်တဆရလာသည့်ဒဏ်ရာက သွေးအချို့မှာမြေနီနီအား တစ်စက်နှစ်စက်စွန်းထင်းစေကုန်သည်။ သို့သော် ယခုလိုအချိန်တွင် မေတစ်ယောက်နာကျင်နေသောဒဏ်ရာအား အာရုံမစိုက်မိတော့ပဲ ရှေ့ကမြင်ကွင်းကိုသာ ရပ်ကြည့်နေမိသည်။

မေတစ်‌ယောက်ထဲသာ နေပူကြီးထဲမလှုပ်မရှက်ရပ်နေသော်လည်း  အရိပ်ထဲရောက်နေသူ သူမ၏ချစ်ရသူနှင့်သူမချစ်ရသူအားပိုးပန်းနေသည့်လူတို့မှာ အဝေးကကြည့်လျှင်ပင် အလွန်အေးချမ်းကာ လိုက်ဖက်သည့်အတွဲပင်ဖြစ်သည်ဆိုတာ တပ်အပ်‌ေပြာနိုင်‌ေနသည်။ သို့သော်‌ေကျာင်းတံုးကခိုးဖတ်ခဲ့ရသည့်၀တ္ထုစာအုပ်ထဲကအတိုင်း

'မမမြိုင်ချစ်သည့်သူမှာ မေသာဖြစ်သည်'

ဟုသာတွေးပြီး ကိုဆိုင်မော့ကြောင့်နှင့်တော့အမျိုးသမီးလေးနှင့်မကွဲချင်ပါ။ ထို့ကြောင့် အတတ်နိုင်ဆုံး စိတ်ဖြေကာ စက်ဘီးကိုမလှမ်းမကမ်းမှာရပ်ပြီး မမမြိုင်ရှိရာအရိပ်ထဲသို့၀င်သွားလိုက်သည်။ အရိပ်ထဲရောက်သည့်အချိန်တွင် ရုတ်တရက်အဖတ်ခံလိုက်ရသဖြင့် တောင့်တောင့်ကြီးဖြစ်သွားမိသည်။

'အလို'

ထိုသို့မေ့ကိုလာဖတ်သည့်သူမှာတခြားလူမဟုတ် မေ့နှလုံးသားကိုအပိုင်စားရထားသည့်အမျိုးသမီးလေးပင်ဖြစ်နေတော့သည်။

ထိုသို့အချစ်ပြိုင်သူ ကိုဆိုင်‌ေမာ့‌ေရှ့ ထိုပွေ့ဖက်မှု‌ေလးတစ်ခုဟာ အားအင်တွေပေးစွမ်းနိုင်သလို မေ့၏မသေမချာမရေမရာဖြစ်နေသည့်အတွေးများကို ဖြေဖျောက်ပေးနိုင်ပါ၏။

"မမမြိုင်...ဘာဖြစ်လို့လဲဟင်"

"ကဲ...ဒီလိုဆို ကျွန်တော်သွားလိုက်ပါအုံးမယ် ဆရာမ"

မေ့ရဲ့မမမြိုင်Where stories live. Discover now