Unicode
"အပိုင်းလေးဆယ့်နှစ်"မေ့ကိုစိုက်ကြည့်နေသည့် ထိုလူ၏မျက်၀န်းတွေဟာ ဆွေးဆွေးမြည့်မြည့်နှင့် တစ်ခုခုအားလက်လွတ်လိုက်ရသည့်ပုံပင်။
မျက်၀န်းတို့၏ ဦးတည်ရာဟာလည်း မြိုင့်၏ မိန်းကလေးထံတွင်။ မြိုင့်မျက်နှာမတော့အေးချမ်းနေသယောင်ရှိပင်မဲ့ အတွေးကမ္ဘာထဲတွင် ပြာယာခတ်နေပြီဖြစ်သည်။
'အို...မသင့်တော်ဘူး'
"ဟုတ်ပြီဗျာ ကဲကျနော်ကိုနိုင်းလို့ခေါ်ပါဗျ ဒီကမိန်းကလေးကို အရီလို့ခေါ်ပရစေ"
ဟုပြောကာလက်ထဲသို့ မုန့်ထုတ်များပေးလာသည့် မေ့၏သူငယ်ချင်းဟာ မြိုင့်အမြင်တွင်တော့ အနည်းငယ်ရီရသည်။
'အရီဆိုတော့ ၀စ်ဆနှစ်လုံးပေါက် ထည့်လိုက်လျှင် အရီးဖြစ်သွားမည်မဟုတ်လား'
"ဟုတ်ကဲ့လက်ဆောင်တွေအတွက်ကျေးဇူးပါ၊ ဒါနဲ့ကျွန်မအရီးခေါ်ရလောက်မဲ့အထိအသက်မကြီးဘူးလို့ထင်ပါသေးတယ်"
"ဟားဟားဟုတ်သားပဲဗျာ အမရီကတကယ်ကို ဆရာမပီသပါေပတယ်"
ရေှ့ကလူနှစ်ေယာက်ကို ကြည့်နေရင်း မေတစ်ယောက် မြိုင့်ကိုအသည်းယားနေမိသည်။
'ယခုမြိုင်ဟာ သ၀န်တိုနေသည် မဟုတ်လား'
"ကဲကဲ..မောင်နိုင်း နင်အခုဘာလုပ်မှာလဲ ငါလဲမိတ်ဆက်ပြီးပြီဆိုတော့ နင်ပြန်တော့ ငါမမမြိုင်နဲ့ထမင်းစားပြီး နေအေးမှ အိမ်ကြီးဆီလာခဲ့မယ်"
ယခု မောင်နိုင်းတစ်ကောင်နှင်ထုတ်ခံလိုက်ရခြင်းပင်မဟုတ်ပါလား။ ရီေမာကာ ပြုံးနေပင်မဲ့ မောင်နိုင်းတစ်ယောက် ခေါင်းတည့်တည့်က နေလုံးကြီးအလား ရင်ထဲတွင်ပူလောင်နေရသည်။
"ဟုတ်ပြီလေ ငါပြန်မယ်"
ဟုပြောကာ မောင်နိုင်းတစ်ယောက် မေနှင့်အတူ မေ့၏မိန်းကလေးကို နှုတ်ဆက်ပြီးလာရာ လမ်းအတိုင်း ပြန်ထွက်လာမိသည်။
တောင်ပေါ်လမ်းတွေဟာ ရှည်လျားနေသည်လား။ နှလုံးသားထဲတွင် ကျောက်တုံးကြီးများ ဖိခံထားရသည်လား။ မောင်နိုင်းတစ်ယောက်မပြောပြနိုင်။

YOU ARE READING
မေ့ရဲ့မမမြိုင်
Romance🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...