(Part-19)

1.9K 161 4
                                    

Unicode
“အပိုင်း-တစ်ဆယ့်ကိုး”

မေတို့ရန်ကုန်ကနေ အစစ်ဆေးဂိတ်တွေမှ သတိကြီးကြီးနဲ့ဖြတ်ပြီး ရှမ်းပြည်သို့ ထွက်ခွာလာခဲ့တာ ယခုဆိုနှစ်ရက်ခန့်ရှိနေပြီဖြစ်သည်။ နှစ်ရက်ဆိုသည့်အချိန်နှင့်အတူ ယခုဆိုမမမြိုင်ရဲ့မျက်နှာကို မြင်ရဖို့ ခြေလှမ်းပေါင်းတစ်ထောင် ခရီးတစ်ထောက် ကားတစ်စီးသာလိုတော့သည်။

ရန်ကုန်ကနေ ထွက်လာသည့်ရထားက ရှမ်းပြည်အ၀င်ထိရောက်ပြီး ထိုမှတ‌ဆင့် ကားသေးလေးတွေဖြင့် လိုရာကိုခရီးဆက်ကြရသည်။ ဘူတာရုံကနေဆင်းပြီးပြီးချင်း ဦးနောင်က ကျောက်တွင်းကမန်နေဂျာတစ်ယောက်ကို ကြိုအကြောင်းကြားထားသည့်ပုံပင်။ မေတို့ကို ထိုလူကအသင့်စောင့်နေကာ တုတ်တုတ်ကားအသေးလေးဖြင့် လာခေါ်သည်။

တုတ်တုတ်လေးနှင့်အတူ ရှမ်းတောင်တန်းတွေကြားကမြင်ကွင်းမှာ ဘယ်ချိန်ဘယ်နှစ်ခါရောက်ရောက် မေ့အတွက်တော့ရွှေရင်အေးတစ်ခွက်သောက်ရသလိုပင် အမြဲလိုလို‌ရင်အေးရသည်ဟုတွေးနေတုံး ခွက်ခနဲမြည်သံနှင့်အတူ မေတစ်ယောက်ထိုင်နေရာနေ ယိုင်နဲ့နဲ့ဖြစ်သွားရသည်။

ဟုတ်ပါသည်...ကားလမ်းဖောက်ထားသော်လည်း ဘိလပ်မြေမခင်းရသေးသည့်အပြင် မိုးအနည်းငယ်ရွာထားသည်မို့ မြေဟာပျော့နေပြီး တောင်ကုန်းတောင်တက်တွေဟာ မောင်းနှင်သူ‌မကျွမ်းကျင်ပါက သေမင်းဆီလက်မှတ်ဖြတ်ထားရလိမ့်မည်။

သို့သော် မေတို့ကိုလာကြိုသူ မန်နေဂျာအကိုနမ့်ဆိုင်မှာ ငယ်ငယ်တည်းက ဒီနေရာတွေကို ကိုယ့်အိမ်ကိုယ့်ယာလို ပြေးလွှားကစားခဲ့သည့်နေရာဟုဆိုကာ ရှမ်းသံဝဲဝဲဖြင့် မပျင်းရအောင် စကားတောက်လျောက်ပြောလာသဖြင့် သေမင်းဆီအလည်သွားရန် စိတ်မပူတော့ပဲ မျက်စိတစ်ဆုံးမြင်နေရသည့် မြူတွေကြားက ရှုခင်းတွေနှင့်အတူ တောင်တန်းကြီးတွေကိုတွဲမြင်ရတာ မှော်ဆန်သလို ရင်ခုန်နေရသည်။

သို့သော် ရင်ခုန်ရတာကတော့ အကြောင်းအရင်းတစ်ခုသာရှိသည်။ ထိုသို့မြတ်နိုးစရာကောင်းသည့် အကြောင်းပြချက်လေးမှာ မြေနီအိမ်လေးကြားက ဆရာမလေးကြောင့်ပင်ဖြစ်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now