(Part-40)

1.7K 140 4
                                    

Unicode
"အပိုင်း-လေးဆယ်"

နေရောင်ခြည်နုနုမှာ အခန်းငယ်လေးအတွင်းဖြာကျနေသည်။ မေတစ်ယောက်မနေ့ညကအဖြစ်ပျက်တချို့ကို ပြန်တွေးရင်းပိတီဖြာနေမိသည်။ ရင်ခွင်ထဲရောက်နေသည့်မိန်းကလေး၏နှုတ်ခမ်းတို့မှာချိုသလို ချစ်စရာ‌လည်းကောင်းသည်။

"အို..မေ"

"အို..မြိုင် အိပ်လို့ကောင်းသလား"

ဟုပြန်စလိုက်တော့ ရဲတက်လာသည့်ပါးမို့မို့တို့မှာ မွှေးကြူချင်စရာအတိ ဖြစ်နေသည်မို့ နှာဖျားလေးဖြင့်တိုးဝေ့မိသည်။

"မနက်စောစောစီးစီးကွယ် ညီမမေရဲ့"

"မနက်စောတော့ ဘာဖြစ်သလဲမြိုင်ရဲ့ မြိုင်က ချစ်စရာကောင်းနေတာကိုး"

"အို ဒီကလေးမ"

သူမဘက်က မနေနိုင်မထိုင်နိုင် အိပ်ယာထဲမှာထလေ မေကနောက်ကလိုက်ကာ ဖတ်လေဖြစ်နေသည်။ ကြည်နူးရပါသည်။ မနက်စောစော ‌ကျေးဌက်တို့မတွန်ကျူးနေလဲ မြိုင့်ဘေးနားရှိနေရလျှင်ကို ကြည်နူးစရာအတိ။

မဲမှောင်‌ေနတဲ့ ဆံပင်ရှည်တို့မှာ မေ့နှလံုးအားနွယ်ပင်သဖွယ်ရစ်နှောင်နေသလို။ တခါတခါပေါ်လာသည့် မြိုင့်၏လက်ကောင်၀တ်ဖွေးဖွေး၊ ဂုတ်ပိုးနုနုတို့ကို‌ လူမမိအောင် မနက်ခင်းအစာကျွေးမိသည်။

'အို မိမေနှယ် ဒီလိုပုံနဲ့ဆို ပလိပ်လက်ထဲရောက်တော့မှာပဲ'

ဟု‌ေတွးရင်းကိုယ့်ကိုကိုယ်ရီမီသည်။

မနက်စာပြင်ရန် မီးဖိုချောင်ထဲ အလုပ်ရှုပ်‌ေနသည့် မိန်းကလေးအနားသွားပြီး မထိတထိသွားစရန် ကြံနေသော်လည်း ရုတ်တရက် အိမ်ရှေ့ကလှမ်းခေါ်သည့် အသံကြောင့် ကြည်နူးရန် လမ်းပေါက်ရှာနေသည့် အကြံတို့မှာ ပြိုကွဲသွားရတော့သည်။

"ဗျို့ညီမမေရေ့ ကိုနောင်ခေါ်ခိုင်းလိုက်လို့"

ဆိုသည့်စကား‌ေကြာင့် အနည်းငယ်စိုးရိမ်မိသည်။ အမေတို့များရောက်နေပြီလား။

အတွေးများစွာဖြင့် ကြောင်အစွာအိမ်ပေါက်၀ကိုကြည့်နေသည့်မေ့ကိုမြိုင်ကအနောက်မှသတိလှမ်းပေးသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now