(Part-6)

3K 199 0
                                    

Unicode
“အပိုင်း-ခြောက်”

မေအခုမှသတိရသည် ဖွားတို့ကိုမမမြိုင်အကြောင်းပြောပြရအံုးမည်။

"ဒါနဲ့ဖွား မေလေ ရှမ်းပြည်ရောက်တုံးက ခင်ခဲ့တဲ့ဆရာမလေးရှိတယ်သိလား..အဲ့ဆရာမလေးနာမည်က မြိုင်နန်းရီတဲ့ ပြောရမယ်ဆိုရင်‌ေလ မေအဖေစီစဉ်ထားတဲ့အိမ်မှာမနေပဲ သူ့အိမ်မ‌ှာပဲတည်းခဲ့တာ‌ေလ။ ဆရာမလေးကလေ တော်တော်စိတ်နှလုံးကောင်းတယ် သိလားဖွား။ ယဉ်လဲယဉ်ကျေးတော့ ဖွားတို့သာမြင်ရင် တော်တော်ချစ်သွားမှာ"

‌မေ့၏အားကြိုးမာန်တက်ချီးမွန်းခန်းပြီးသည့်‌ေနာက်တွင် ဖွားဘက်က

"ဒါနဲ့မေ နာမည်ကမြိုင်နန်းရီနော် ဖွားဒီနာမည်ကို တနေရာရာမှာကြားဖူးနေသလိုပဲ"

ဖွားကဖိုးဘက်ကို လှည့်ကြည့်ကာ လှမ်းပြောလိုက်သည်။

"အဖိုးကြီး ရှင်မှတ်မိလား မြိုင်နန်းရီဆိုတာလေ ကျုပ်တော့တစ်နေရာရာမှာ ကြားဘူးနေသလိုပဲ"

ဖိုး ပုတီးစိတ်နေတာကို ရပ်လိုက်ရင်း တွေးနေသည်။

"အင်း...မြိုင်နန်းရီ.. နန်းရီ...အော် မှတ်မိပြီအငယ်ကောင်ရဲ့ဟိုမညားလိုက်ရတဲ့ သမီးလေးစိန်ရဲ့ သမီးနေမယ်..တကယ်ကိုကံကြမ္မာဆိုတာ ‌ေပြာမရပါလားကွယ်"

မေခဏလောက် တိတ်ဆိတ်သွားမိသည်။ ဖိုး‌ေပြာလိုက်သော စကားကြောင့် အံ့ဩနေမိချိန်ဘေးမှ ဖိုးရဲ့စကားသံ ထွက်လာသည်။

"အော်ဟုတ်သားပဲ မြိုင်လေးကို တို့နာမည်ပေးခဲ့တာပဲ အခုမှမှတ်မိတယ်"

မေဘေးက ဖွားရဲ့စကားသံသဲ့သဲ့ကိုသာ ကြားနေရသည်။ ဒါဆို‌ေတွးကြည့်ရင် ဖိုးပြောသလိုသာဆို မမမြိုင်က ဦးနောင်ရဲ့မတော်လိုက်ရတဲ့မိန်းမရဲ့သမီး‌ေပါ့...ဘုရားရေ။ မေစိတ်တည်ငြိမ်သွားမှ ဖွားရဲ့‌စကားသံကုိကြားရသည်။

"ဒါဆိုသမီးမေ အဲ့ကလေးမလေး ခုဘယ်အရွယ်ရောက်ပြီလဲ ဖွားတို့လဲ ဒီကလေးမလေး တစ်နှစ်ပဲရှိပါအုံးမယ် သူတို့မိသားစုကရှမ်းပြည်ဘက်ပြောင်းသွားတော့ အဆက်သွယ်တွေပြတ်ကုန်ရော ဒါကြောင့် အခုအခြေနေ‌ေလးတော့ သိချင်မိသားကွဲ့"

မေ့ရဲ့မမမြိုင်Where stories live. Discover now