(Part-1)

9.4K 396 2
                                    

Unicode
"အပိုင်း-တစ်"

"ဘကြီးရပြီ အထုတ်တွေကို အ‌ေပါ်ထိမပို့နဲ့တော့နော် သမီးပဲ ဆက်သယ်သွားလိုက်မယ်"

"မလုပ်ပါနဲ့ ဘကြီးပဲ သယ်ပေးပါ့မယ်ကွယ် သမီးလေးက အခုမှပြန်လာတာ မောရမောနဲ့‌"

"ရပါတယ် ဘကြီးရဲ့ ဘကြီးပင်ပန်းမှာဆိုးလို့ပါ...ဘကြီးနားတော့နော် မောင်ငယ်လဲ ရှိနေတာပဲ သူ့ကိုခိုင်းလိုက်မယ်"

"ဟင်း ဟုတ်ပါပြီကွယ် ဒါဆိုဘကြီးခြံအနောက်ကို ခဏသွားအုံးမယ် နားတော့ နားတော့"

ကဲဒီအထုတ်တွေချလို့ပြီးရင် ‌ေမရေချိုးရ
တော့မည်။

"မောင်ငယ်ရေ မောင်ငယ်ရေ"

"ဗျာ ကျနော်လာပြီဗျ မမမေ...ဟင်မမမေ ပြန်ရောက်ပြီလား"

"ဟုတ်တယ် ကဲကဲ အဲ့အပေါက်၀မှာပဲ ရပ်မနေနဲ့ ဒီအထုတ်တွေ အပေါ်ထပ်က ငါ့အခန်းထဲ ပို့ပေးထားပါအုံး"

"ဟုတ်ကဲ့ပါဗျာ"

အထုတ်တွေ သယ်လို့ပြီး‌ေတာ့ လူလဲအတော်မောနေပြီ။ ကဲ...ပြောရင်းနဲ့‌ေတာင် ရေကဆာလာပြီ။

"အစုရေ ဝေ့အစုရေ ခဏလာအုံးဟေ့ ငါပြန်ရောက်ပြီ"

"အို မမမေ ပြန်လာပြီလား...‌အစုရေယူခဲ့ပေးမယ် ခဏစောင့်နော်"

"ဟုတ်ပါပြီ အစုရယ် ပြာယာခက်နေတာပဲ စိတ်အေးအေးထားပါ"

မေ ရေကိုစောင့်နေရင်းနဲ့ ‌ေညာင်းလာသည်မို့ အနီးနားရှိ ခံု‌‌ေပါ်ထိုင်လိုက်ရင်း ရှမ်းပြည်‌ေရာက်တံုးက ကိစ္စအချို့ကို ပြန်တွေးနေမိသည်။ ဒီရက်ပိုင်း အလုပ်ကိစ္စနဲ့ ရှမ်းပြည်ရောက်တုန်း မြို့ကသူငယ်ချင်းမတွေဆီ အလည်သွားရင်း ဆရာမ‌ေလးတစ်‌ယောက်နဲ့ သိကျွမ်းခဲ့‌ေသးသည်။

ဆရာမ‌‌ေလးနာမည်က မြိုင်‌နန်းရီ။ သူမက ရှမ်းပြည်ကမို့လို့လားမသိ အသားဖြူသည်။ အရပ်ရှည်သည်ဟု ထင်ရသော်လည်း မေနှင့်ယှဉ်လျှင်တော့ ခေါင်းတစ်လုံးစာပုပါသေးသည်။ ဆရာမကမေ့ထက် အသက်သုံးနှစ်ကြီးသည်။ ဒါ‌ေြကာင့် မေကတော့ မမမြိုင်လို့သာခေါ်သည်။

မမမြိုင်ဟာ ရီလိုက်ရင်လည်း အလွန်ပင်ချစ်စရာကောင်းပြီး ပြုံးလိုက်ရင်လည်း မြင်မိသူတိုင်း မရှောင်လွဲနိုင်ပင်။ ထို‌ေြကာင့် မေတောင် မိန်းကလေးတန်မဲ့ သူမအပြုံးထဲ မနှစ်မြောခဲ့ပါဆိုလျှင်တော့ လိမ်ညာရာ ရောက်ပါလိမ့်မည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now