Unicode
“အပိုင်း-နှစ်ဆယ့်နှစ်”မေနှင့်မမမြိုင် ထမင်းစားလို့ပြီးတော့ ညနေခင်းလေး နေ၀င်တာကိုကြည့်ရင်း ခြံေရှ့ကခုံတန်းလေးမှာ ေရနွေးကြမ်းအတူေသာက်ရင်း နှစ်ယောက်အတူထိုင်ကာ ထွေရာလေးပါးပြောနေကြသည်။
"ညီမလေ ရန်ကုန်ထပ်စာရင် ဒီနေရာလေးကိုသဘောကျတာပဲ ဒီနေရာလေးက အေးချမ်းတယ်။ လူတွေလဲရှုပ်မနေဘူး လူတွေကလဲရိုးသားတော့ ဖြစ်နိုင်ရင်ဒီမှာပဲ...မမမြိုင်နဲ့အတူနေသွားချင်တယ်"
မေ့စကားအဆံုး တောင်တွေကြားထဲ နေလုံးကြီး၀င်သွားတာကိုကြည့်နေရင်းနေရောင်ခြည်ဖြာကျနေသည့်မမမြိုင်၏မျက်နှာလေးမှာ အနည်းငယ်နီသွားရပြန်သည်။
"အဟမ်း...ညီမမေ နေချင်ရင်တစ်သက်လုံးနေပါ အမ မတားပါဘူး အမလဲ...ညီမမေကိုသတိရသား..ဒီမှာတစ်ယောက်ထဲနေလာတာကြာတော့ ညီမမေကိုတွယ်တာမိတာအမှန်ပဲ"
ပါးပြင်မို့မို့ကနေ နားရွက်ဖျားလေးတွေအထိ ပန်းရောင်သန်းလာသည့်မမမြိုင်နှင့် သူမ၏စကားသံဟာ မေရဲ့နှလုံးသားကိုနိုးထစေပြန်သဖြင့် နံဘေးနားက ချစ်ရသူလေးမသိအောင် ရင်ခုန်သံကိုဖုံးကွယ်ကာ...
"ဟုတ်ပါပြီ ဒီလိုဆိုအမ အိမ်ထောင်မပြုနဲ့ပေါ့"
"အိမ်ထောင်မပြုနဲ့..ဘာလို့လဲညီမမေ"
"အမအိမ်ထောင်ပြုသွားရင် ညီမကဘယ်လိုလုပ် အမနဲ့အတူနေလို့ရပါတော့မယ်လဲ မမမြိုင်ရဲ့"
သူ့ခေါင်းသူပွတ်ကာ ရှက်ကိုးရှက်ကန်းဖြင့်စကားတွေထိုင်ပြောနေသည့် မိန်းကလေးကိုကြည့်ပြီး မြိုင့်စိတ်ထဲမှာလဲ အမည်မသိသောခံစားချက်တို့က၀င်ရောက်လာသည်ကို မြိုင်သိနေသည်။
သို့သော်...မိန်းကလေးတစ်ယောက်ကိုသဘောကျတယ်ဆိုတာဖြစ်နိုင်ပါ့မလား။ သံယောဇဉ်တွယ်မိတာပဲ ဖြစ်လိမ့်မည်ဟု တွေးရင်း အသာအယာခေါင်းရမ်းမိပြန်သည်။
"မမမြိုင် ဘာတွေတွေးနေတာလဲ"
"ဘာရယ်မဟုတ်ပါဘူး ဒီတိုင်းပဲ..ကြည့်ပါအုံးနေတောင်၀င်သွားလို့ ညရောက်တော့မယ်"
![](https://img.wattpad.com/cover/262215095-288-k19065.jpg)
YOU ARE READING
မေ့ရဲ့မမမြိုင်
Romance🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...