(Part-2)

5.2K 285 0
                                    

Unicode
"အပိုင်း-နှစ်"

မေ ရေချိုးပြီး မိုးပြာရောင်၀မ်းဆက်‌‌ေလးကို ၀တ်လိုက်သည်။ ပုံမှန်အားဖြင့်တော့ မေက ဒီ၀တ်စံုလေးကို သိပ်မ၀တ်ဖြစ် အရောင်နုတွေကိုမေ မကြိုက်။ သို့သော် ဒီနေ့ကတော့ ပြန်ရောက်၊ရောက်ခြင်း ဖွားတို့ဆီ သွားလည်အုံးမှာမို့ဖြစ်သည်။

'အရောင်နု‌ေလး‌ေတွက စိတ်တိုနေတဲ့ အချိန်မှာဆို အရမ်းဒေါသမထွက်တော့ဘူး‌ေလ'

ဟုလည်းမေကြားဖူးသည်မို့ အထောက်အကူဖြစ်‌ေအာင် ၀တ်ခြင်းသာဖြစ်သည်။‌

အ၀တ်၀တ်လို့ပြီးတော့ တိုင်မှာချိတ်ထားတဲ့ လွယ်အိတ်ကိုယူပြီး အထုတ်တွေထဲက ရှမ်းပြည်အပြန် လက်ဆောင်များထည့်လိုက်သည်။

'ကဲအခု အဘွားတို့အိမ်ကို သွားမယ်။ ပြန်လာရင် အိမ်မှာစက်ဘီးပြန်၀င်ထားပြီး တခါတည်းစာတိုက်ရုံးသွားရမယ်။ ရှမ်းပြည်အထိဆိုတော့၂ရက်လောက်ကြာမှာလေ'

မေတစ်ယောက် ‌ေကြးနန်းပို့မည့်ကိစ္စ ေတွးရင်း အိမ်အောက်ကို ဆင်းလာလိုက်သည်။ ထို့နောက်မီးဖိုချောင်ဘက်သွားကာ

"ဝေ့ အစုရေ ငါ အဖွားတို့ဆီ သွားလိုက်အုံးမယ်နော်"

"ဟုတ်ကဲ့ မမမေ"

မေအစုနားကို လမ်း‌ေလျှာက်သွားလိုက်ရင်းအိတ်ထဲရှိ ရှမ်းပြည်က၀ယ်လာသည့်‌ေခါပုတ်‌ေကြာ်၊ နေကြာစိနှင့် အခြားဘာရိယလေးတွေနှင့် ပုဝါတစ်ထည်ကို လက်ကိုင်အိတ်ကြီးထဲမှ ထုတ်ပြီး‌ေပးလိုက်သည်။

"အပြင်မသွားခင်‌ေလး ဒီမှာခုနက‌ ေပြာထားတဲ့အတုိင်း အစုအကြိုက် နေကြာစိလေးနဲ့ ပုဝါလေးဝယ်ခဲ့တယ်ရော့.."

"အိုကျေးဇူးတင်ပါတယ် မမမေ"

အစုတစ်ယောက် ချက်ချင်းပင် မေပေးသည့် ပုဝါလေးကိုဖြန့်ကြည့်ကာ ပြောလာသည်။ အစုဟာပုဝါလေးကိုကြိုက်သည်ထင်။ ဟုတ်သည် ကြိုက်ကိုကြိုက်ရမည်ပင် ဆရာမလေးရွေးပေးထားသည်မဟုတ်ပါလား။

"ပုဝါလေးကလှတယ်နော် မျက်စိအေးသွားတာပဲ ဒါနဲ့...မမ‌မေ ဘယ်တုန်းကဒီလိုအရွေးတော်သွားတာလဲ..တစ်ယောက်ယောက်နဲ့အတူ‌ေရွး၀ယ်လာတာမလား"

မေ့ရဲ့မမမြိုင်Where stories live. Discover now