(Part-59)

1.2K 108 0
                                    

Unicode
"အပိုင်း-ငါးဆယ့်ကိုး"

ညဘက်၇နာရီခန့် မေတို့လူအုပ်ကြီး လှုပ်ရှားမှုများငြိမ်သက်နေလေသည်။ ထို့ကြောင့်မေးကြည့်တော့ကျဆုံးသွားသည့်ရဲဘော်တွေအတွက် အောက်မေ့ခြင်းဖြစ်သည်ဟုပြောကြသည်မို့မေလဲခဏတာလိုက်၍ငြိမ်သက်နေလိုက်သည်။ ထို့နောက် မေတို့ပိုစတာတွေကိုပြန်၍စီကြသည်။

ပိုစတာစာရွက် ဖြူ‌ဖြူကလေးထပ်တွင် အနီရောင်ဆေးတို့ဖြင့်ရေးထားသည့် စာများဟာအားမာန်အပြည့်။

"တစ်ပါတီစနစ်အလိုမရှိ!"

"နေ၀င်းအစိုးရအလိုမရှိ!"

"ဒီမိုကရေစီရရှိရေး ဒို့အရေး!"

"မဆလကို လှည်းနေလှေအောင်းမြင်းဇောင်း မကျန်တော်လှန်ကြ!"

ဟုရေးထားသည့်စာများသို့မဟုတ် ပြည်သူတို့၏ စိတ်ထဲရင်ထဲမှ ပေါ်ပေါက်လာရသောဆန္ဒများ။ တိုင်းပြည်အားဖျက်စီးနေကြသည့်မကောင်းဆိုးဝါးများအား ဒီမိုကရေစီပေးရန်တောင်းဆိုကြသည်မှာ ယခုဆိုလျှင် အချိန်ကာလအားဖြင့်အတော်ကြာနေပြီဖြစ်သည်။ နိုင်ငံ၏ရွှေဈေးဟာလည်း ကျသွားလိုက်တာ တက်ကိန်းကိုမရှိ။ ပညာသင်ရမည့် ကလေးငယ်တို့ဟာလည်း လမ်းဘေးတွင် သူများဖိနပ်လိုက်တိုက်လို့တိုက် ခိုးလို့ခိုးနှင့်တိုင်းပြည်ဟာ ရုန်းရင်းဆန်ခက်ပင်။

ဂိုထောင်လေးထဲရှိလူများဟာလည်း တခြားသူများမဟုတ်။ ကျောင်းသားများပင်ဖြစ်သည်။ အသက်ကိုစွန့်ကာ အာဏာရှင်တွေအား အာခံကာ ရဲရဲတောက်တိုက်ပွဲ၀င်နေကြသူများဖြစ်သည်။ ဒီမိုကရေစီအတွက် လွတ်လပ်စွာ‌ေပြာဆိုနိုင်ခွင့်‌ေတွအတွက် ဘ၀နှင့်ချီကာ အရာရာကိုရင်းထားကြသည်။

အနည်းငယ်တော့ရီချင်စရာပင်။ မွေးကတည်းကပါလာသည့် မွေးရာပါ လူ့အခွင့်အရေးတွေကို တောင်းဆိုတော့ သေနတ်နှင့်ပစ်သတ်သည်တဲ့။ ထပ်ပြီးတောင်းဆိုပြန်တော့ စစ်ပွဲတွေမှာပဲသုံးတဲ့တင့်ကားတွေနဲ့ ပြည်သူကိုပြန်ပစ်သည်တဲ့။ အော်...မောင်မောင်ရယ် တစ်ခါတလေကျတော့လည်း ဉပဒေဘယ်လောက်ဆိုပြီး ထွက်ထွက်လာတဲ့ မောင်မောင်ကို ပွဲပြီးလျှင်သွားတွေကျိုးတဲ့အထိ ဆွဲနှုတ်ပစ်ချင်သည့်စိတ်ကူးတွေဟာ ကျောင်းသားတွေအကြားအတော်ကို‌ပြန့်ပြူးနေသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now