(Part-25)

2K 145 8
                                    

Unicode
“အပိုင်း-နှစ်ဆယ့်ငါး”

မေတစ်ယောက် ရုံးခန်းထဲကအလာလမ်းအတိုင်းပြန်ထွက်လာပြီး ‌အ၀င်ရုံးကိုရောက်တော့ ထုံးစံအတိုင်း အပေါက်၀နားကခုံမှာထိုင်နေသည့် အမဆိုင်ဟိန်းနှင့် စာဖိုင်တွေစီနေသည့် ကိုဆာစမ်ကိုတွေ့သည်။

"ပြန်လာပြီလား"

"ဟုတ်ကဲ့"

"ဒီလိုဆို ညီမအဆင်ပြေရင် အခုချက်ချင်းအလုပ်ဆင်းပေးနိုင်မလား"

"ရတ‌ာပေါ့ ဘာလုပ်ပေးရမလဲပြောပါ"

"ဒီကိုလာ"

မေရုံးထဲပြန်ရောက်‌ေရာက်ချင်း အခုချက်ချင်းအလုပ်လုပ်ပေးနိုင်မလားဟု ပြောလာသည့် အမဆိုင်ဟိန်းကြောင့် အနည်းငယ်ကြောင်သွားပင်မဲ့ သူမကိုကြည့်ရသည်မှာအလွန်အလုပ်များနေသည့်ပုံမို့ ထမင်း‌ချိုင့်မပါလာသော်လဲ ဆင်းပေးမည်ဟုသာ ပြောလိုက်သည်။

အမဆိုင်ဟိန်းသည် မေ့ကိုပြတင်းပေါက်နားက စားပွဲခံုဆီခေါ်သွားပြီး ထိုနေရာဟာမေ့ရဲ့နေရာဖြစ်သွားပြီဖြစ်ကြောင်းပြောကာ မလှမ်းမကမ်းက သံဘီရိုကြီးတွေထဲမှ စာရွက်စာတမ်းအထပ်လိုက်ကြီးအား သယ်လာကာ မေ့ကိုပေးသည်။

"ဒီစာတွေက ဖိုက်တွဲစီဖို့ ပြီးတော့ဒီစာတွေထဲမှာသစ်တောဌာနကိုပို့ထားတဲ့စာတွေပါပါတယ်၊ အဲ့စာတွေကိုကျ သပ်သပ်ဖယ်ပြီးစာရင်းလေးလုပ်ပေးထားပါ။ စာတွေကသိပ်မများဘူးဆိုပင်မဲ့ ညီမမြင်တဲ့အတိုင်းအမတို့ဌာနမှာလူကသုံးယောက်ပဲရှိတယ် အခုညီမပါတိုးလာတော့လေးယောက်ပေါ့ လုပ်နိုင်မယ်မလား"

"ဟုတ်ကဲ့လုပ်နိုင်ပါတယ်"

"ကောင်းတယ် အမလဲအလုပ်သွားပြန်လုပ်တော့မယ် မသိတာရှိရင်ဆာစမ်ကိုမေး"

ဟုပြောကာ အပေါက်၀နားရှိခုံတွင်သွားထိုင်ကာ လက်နှိပ်စက်တစ်လံုးနှင့် အားပါပါစာရိုက်နေသော အမဆိုင်ဟိန်းနှင့် စာရွက်ပံုကြားထဲ‌ေရာက်‌ေနသည့် ကိုဆာစမ်တို့ကို တချက်ကြည့်လိုက်ရင်း လက်ထဲကလွယ်အိတ်ကိုခုံပေါ်တင်လိုက်ကာ မေလည်းအလုပ်စလုပ်ပြီဖြစ်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now