(Part-17)

2.5K 159 4
                                    

Unicode
“အပိုင်း-တစ်ဆယ့်ခုနစ်”

စာရွက်ဖြူပေါ်က မိန်းကလေးကိုကြည့်ပြီး မေ့စိတ်ထဲမှာ မိုးညိုလာတော့သည်။ ရန်ကုန်ကို ပြန်ရောက်တာ ဘယ်လောက်မှမကြာသေး ယခုတည်းကမမမြိုင်ကို အလွန်လွမ်းလို့နေသည်။

ကြည်လင်စွာပြုံးပြနေတဲ့ မမမြိုင်ရဲ့မျက်နှာကို ပြန်မြင်ယောင်လာရင်း ရှမ်းပြည်ဆီ ပြေးသာသွားချင်မိသည်။ ထို့ကြောင့်လက်ထဲကပုံကြမ်းကို လက်စသတ်လိုက်ရင်း အောက်ထပ်ကို ဆင်းသွားပြီး ဧည့်ခန်းထဲကစားပွဲခုံပေါ်ရှိ အထိုင်ဖုန်း ကော်ဖီရောင်လေးနားလျှောက်သွားလိုက်သည်။

ထို့နောက် ခပ်မြန်မြန်ဖြင့် ဖုန်းနံပါတ်တစ်ခုဆီခေါ်လိုက်သည်။ ဖုန်းခေါ်ခေါ်ခြင်းပဲ တဖက်မှလျှင်မြန်စွာကိုင်လာသည်။

"ဟုတ်ကဲ့ ပြောပါခင်ဗျာ"

အသံအရဆို ဒီအသံဟာ ကိုကြီးထွန်းအောင်အသံဖြစ်သည်။ ထို့ကြောင့်...

"ညီမမေပါ ကိုကြီးထွန်းအောင်"

"အော်မေလား ဘယ်လိုဖြစ်တာလဲ ညီမပြောစရာကျန်သေးလို့လား"

"ဟုတ်ကဲ့ ဖြစ်နိုင်ရင် ညီမမနက်ဖြန်လာခဲ့လို့ရတယ်မလား"

"ရတာပေါ့ အကိုလာခေါ်မယ်လေ"

"ရပါတယ် ညီမကိုလာမ‌ေခါ်နဲ့တော့နော် နိုင်းနဲ့အတူလာခဲ့မယ်"

"အော်ဟုတ်ပြီလေ သူပါတော့ကောင်းတာပေါ့"

မေကိုကြီးထွန်းအောင်ဆီ မနက်ဖြန်သွားမည်။ အဖွဲ့အစည်းကလူတွေဆီသွားနှုတ်ဆက်မည်။ ပြီးတာနှင့်ရထားလက်မှတ်သွားဖြတ်မည်ဟုကြံထားသည်။ ထို့ကြောင့်နက်ဖြန် ဦးနောင်ဆီအထုတ်ပိုးပြင်ထားရန်သွားပြောရမည်။ နိုင်းကိုတော့ မနက်ဖြန်ဒုက္ခထပ်ပေးရအုံးမည်ဟုတွေးကာ နိုင်းဆီဖုန်းဆက်ပြီး အကျီတွေပြန်စစ်ကာအထုတ်အပိုးပြင်နေလိုက်သည်။

တစ်နာရီခန့်ကြာသော်...

အထုတ်အပိုးတွေ အကုန်ပြင်လို့ပြီးတော့ ညနေသုံးနာရီကျော် လေးနာရီထိုးကာနီးပြီဖြစ်သည်။ ဒါကြောင့်ရေသွားချိုးကာ ခြံထဲလမ်းဆင်းလျှောက်နေလိုက်သည်။ ခြံထဲလမ်း‌ေလျာက်နေရင်း အမေ့ရဲ့ဉယျာဉ်လေးဘက်ရောက်သွားသည်မို့ အပင်တွေကြားထဲ၀င်ပြီး ပေါင်းသင်ကာ ရေလောင်းနေလိုက်သည်။ လုပ်စရာရှိတာရှာကြံလုပ်ရင်း ညနေ၊ နေစောင်းလာပြီး လက်ကနာရီကိုကြည့်တော့ ငါးနာရီထိုးပြီမို့ အိမ်ထဲ၀င်ပြီး ကိုယ်လက်ဆေးကာ အမေတို့အခန်းထဲ၀င်သွားပြီးထမင်းစားရန်ပြင်ဆင်ကာ မိသားစုသုံးယောက်တိတ်တိတ်ဆိတ်ဆိတ်ပဲ ထမင်းစားလိုက်ကြသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now