(Part-41)

1.6K 151 13
                                    

Unicode
"အပိုင်း-လေးဆယ့်တစ်"

မောင်နိုင်းတစ်ယောက် မဖံုးနိုင်မဖိနိုင် အလွန်ပြုံးနေမိသည်။ နိုင်းနှင့် ဝေးကွာနေရသည့် သူမဟာ ကိုယ့်၏မျက်စိရှေ့တွင်ပြန်လှည်ရောက်ရှိနေပြီဖြစ်သည်။

"အို သားငယ်လေးကွယ် ဘယ်လိုဖြစ်လို့ဒီလောက်ပျော်နေရသလဲ"

ဟုမေ့၏အမေဟာမေးတော့ ရှက်ကိုးရ‌ှက်ကန်းဖြင့် လင်ဗန်းထဲက အကြာ်စုံကြားမှငရုတ်သီးကြော်ကိုရွေးကာဝါးမိသည်။

'အမလေးဗျ'

ဟုပြောထွက်ချင်နေပါသော်လည်း ရှေ့မှာမေတစ်ယောက်လုံးရှိနေသည်မို့ ယောင်္ကျားမာနလေးကို လဲမချနိုင်သဖြင့် နှာဖူးကချွေးစီးတွေကိုသုတ်ပြီး အစပ်ပြေရန် အကြမ်းရည်ပူပူကို ဂွက်ခနဲမြည်အောင်သောက်ချလိုက်တော့ ဧည့်ခန်းထဲမှာရီသံတို့ဖြင့်ပွဲကျသွားရတော့သည်။

"ဘယ်နှယ့်လဲကွဲ့ ငရုတ်သီးကချိုသလား ရေနွေးကအေးသလား နိုင်းရယ် မင့်မလဲ သမီးမေကိုတွေ့တာနဲ့ အသိကိုမကပ်တော့ပါလား"

ဟုဦးနောင်ကရီမောကာပြောလာတော့ အနည်းငယ် မျက်နှာပူနေရသော်လည်း မေ့၏မျက်နှာကို တိတ်တခိုး အကဲခတ်မိတော့ သူမမျက်နှာမသာမယာ။

"ဒါနဲ့သမီးမေ..အမေ့နောက် ခဏလိုက်ခဲ့ပါအုံးကွယ်"

ဟုမေ့ကို‌ေခါ်လာသည့် အမေ့ကိုကြည့်ပြီး တခုခုတော့ရှိနေပြီဟု တွေးမိသည်။ ကြည့်ရသည်မှာ မမမြိုင်အကြောင်းမေးမည့်ပုံပင်။

"ဟုတ်ကဲ့"

ဟုပြောကာ မေနှင့်အမေတို့ ခြံနောက်ကခုံတန်းလေးမှာ အတူထိုင်ရင်းရန်ကုန်ကအကြောင်းတွေပြောမိသည်။

"သမီးလေးမေ..ရန်ကုန်မှာ အမေတို့မနေဖြစ်တော့ဘူး သမီးအ‌ဆင်ပြေတယ်မလား"

"ဟုတ်ကဲ့ ပြေတာပေါ့ အမေရဲ့"

ဟု‌ပြန်ဖြေလိုက်သော်လည်း သပ်ပြင်းချသံတို့ပါကပ်ပါလာသည်ကို အမေကသတိထားမိသည့်ပုံပင်။

"က‌ဲဒီလိုဆို ဘာဖြစ်လို့သလဲကွယ် တွေ့ကတည်းကမျက်နှာကမကောင်း သပ်ပြင်းတွေလဲတချချနဲ့ ဘာများဖြစ်နေသလဲမေရယ်"

မေ့ရဲ့မမမြိုင်Where stories live. Discover now