(Extra-5)

5.4K 184 5
                                    

Unicode
[အချပ်ပို-ငါး]
နောက်ဆုံးအချပ်ပို

ရိုးရှင်းသည့် ထိုစကားအား မည်သို့လှလှလေးဖြစ်အောင် ပြောတတ်ပါသနည်း။ ယနေ့မှပင် နေရောင်ခြည်များဟာ ထိုအမျိုးသမီးဘေး ခစားနေသယောင် ဝေဝါးစေမိသည်အထိ မြင်လိုက်တိုင်း သူမ၏ရင်ခုန်သံတို့ကို ဆောင်ယ‌ူနေလေသည်။

"အယွန်း...ယွန်းစံ...."

ဟုဆိုကာ‌ေရှ့ကအမျိုးသမီးအားကြည့်နေမိတာကြာသွားလို့လားမသိ ထိုအမျိုးသမီးက ဘေးနားကပ်လာကာ ခေါ်နေလေသည်။
တချက်တချက်ဖြင့် လည်ပင်းနားရောက်ရောက်လာသည့် နှုတ်ခမ်းနားကလေတို့ဟာ သူမကိုကျီစယ်နေသလို ခံစားရသည်။

'ဒီအမျိုးသမီး အန္တရယ်များလိုက်တာ ပန်းစားဘီလူးမများဖြစ်နေသလား'

ဟုတွေးပြီး ထိုအမျိုးသမီးအနားမှခွာကာ သူမထိုင်ရန်နေရာပေးလိုက်ရင်း ပုဝါကိုကမ်းပေးလိုက်လေသည်။

"ဒါ မလေးပေးလိုက်တာ လက်ဆောင်တဲ့"

ဘုရား ဘုရား။ သူမယခုထိုအမျိုးသမီးအား ရင်းနှီးသယောင် ပေါ့ပေါ့ပါးပါးပြောနေမိသည်တဲ့လား။ ကိုယ့်ကိုကိုယ်ပင်အံ့ဩရသည်။ သူငယ်ချင်းနည်းသည့်သူမဟာများသောအားဖြင့် လိုအပ်သည်မှလွဲ၍ စကားဆယ်လုံးပြည့်အောင်ပြောသည့်သူမဟုတ်ပေ။ ယခုမှ ဒီအမျိုးသမီးနဲ့မှပဲ အေးစက်မှုတို့အရည်ပျော်ရသည်လား။ အန္တရယ်များပါဘိ။

ထိုအမျိုးသမီး၏ ကျေးဇူးတင်‌စကား‌ေတွနှင့် ပုဝါအားဖြန့်ကြည့်ကာ ပြုံးနေသည့်ထို အမူအယာတို့ကို ကန္တာရထဲ ရေလိုက်ရှာရသလို ရုန်းကန်ရသည်။ ခက်သည်ခက်သည်...သူမယခုချက်ချင်းပင် ထိုအမျိုးသမီးအား ရင်ခွင်ထဲ ထည့်လိုက်ချင်ပါသည်။

အတွေးတွေကြား ရုန်းကန်ရင်းနှင့်ပင် အေးစက်နေသည့်လက်တို့ဟာ အတွေးထဲကအတိုင်း ရှေ့ကအမျိုးသမီးအား လက်မှဆွဲကာ ရင်ခွင်ထဲသိမ်း၍ဖတ်မိတော့ နှလုံးသားထဲက ဟာနေသည့်ခံစားချက်တို့ ပြည့်တင်းသွားသလိုခံစားရပေသည်။

ကောင်းလိုက်သည့်ဖြစ်ချင်း။

"ဗုန်း"

ထိုသို့အတွေးထဲနှစ်နေတုံး ရင်ခွင်ထဲကအမျိုးသမီးဟာ မျက်ရည်တို့ဝေ့ဝဲနေသည့် မျက်လုံးလေးများဖြင့် အံ့ဩ‌သယောင်ကြည့်ကာ ရုန်းထွက်သွားလေသည်။ သူမအတွက် ယခုကိစ္စဟာအတော်များနာကျင်နေခဲ့သည်လား။ သူမရင်ထဲ ဘာနာကျည်းချက်တွေများရှိနေလို့ ပွေ့ဖက်ခြင်းလေးတစ်ခုကပင် မျက်ရည်ကြည်များစို့နေစေပါသနည်း။

မေ့ရဲ့မမမြိုင်Where stories live. Discover now