Unicode
"အပိုင်း-ငါးဆယ့်လေး"အရေးခင်းကာလဟာဆိုးရွားသည်လား။ ဒါမှမဟုတ် ကြမ်းတမ်းသည်လား။ ထိုကာလထဲတွင်ကုန်ဈေးနှုန်းများတက်ကြသည်။ နေစရာစားစရာမရှိသည့် လက်လုပ်လက်စားများဒုက္ခရောက်ကြသလို။ အပူအပင်ကင်းကင်းဖြင့် အိပ်စက်ရသည့်ရက်တို့မှာ အတိတ်တွေကျန်ခဲ့ပြီသာဖြစ်သည်။
ကျောင်းသားတွေ၏ကြွေးကြော်သံများ၊ ဆောင်ပုဒ်များကိုကြားကာ ပြည်သူတို့အားတက်ရသည်။ ထို့အတူ ဇာတိမာန်များဖြင့်ချီတက်ကာ အသုံးမကျ၊ ပြည်သူတွေအပေါ်ဖိနှိပ်သည့် အစိုးရအား တော်လှန်သည့်နောက်တွင် အောင်ပွဲများချက်ချင်းဆိုသလိုရသည်ထင်သလား။ မဟုတ်ပါ အများစုဟာ အိမ်ထဲမှ ကျောင်းသားလေးများပြေးသံ၊ သေနတ်သံများနှင့်သွေးစိမ်းရှင်ရှင်တို့ဖြင့် ရန်ကုန်ဟာ အနာဂတ်ခေါင်းဆောင်များ၏သွေးတို့အား ရင်နှင်ရင်း၍ခံခဲ့ရလေပြီဖြစ်သည်။
ထိုအရာတို့အားဖြစ်စေခဲ့သည်မှာယခုလိုပင်။
၁၉၆၂ခုနှစ်တွင်စတင်ခဲ့သည် ဗိုလ်နေ၀င်း ဒါမှမဟုတ် ဗိုလ်ချုပ်ကြီးနေ၀င်း၏လက်ထဲရှိ မြန်မာဆိုရှယ်လစ်ပါတီ သို့မဟုတ် ကြံခိုင်ရေးပါတီမှမြစ်ဖျားခံလာသည်ဟုပြောရမည်။
နိုင်ငံရေးဟာရှုပ်ထွေးသည်ဟူသောစကားဟာမှန်သယောင်ပင်။ သပွတ်အူလိုအစိုးရအပြောင်းအလဲကာလများတွင်မြန်မာနိုင်ငံရှိပြည်သူများလုံးပါးပါးခဲ့ရသည်။ တိုင်းတပါးသားတို့၏လက်အောက်သို့ကျွန်ခံခဲ့ရသည့်မြန်မာတို့ဟာလွတ်လပ်ရေးကိုတောင့်တခဲ့သလို ၁၉၄၈တွင်ရခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရခဲ့သည်ဟုဆိုသော်လည်း ပြည်သူတို့ဘ၀တိုးတက်ခဲ့သည်လား။
၁၉၈၀ခုနှစ်နှောင်းပိုင်းတွင် အစိုးရအပြောင်းအလဲကြား စီးပွားရေးမတည်မငြိမ်ဖြစ်သလို။ ပါတီတွေမှလဲအာဏာလုပွဲများပြင်းထန်ခဲ့သည်။ ထို့အတွက်အကျိုးဆက်များအား ပြည်သူတို့ခံရသလို တိုင်းပြည်အတွက်အာဏာကို ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် ဗမာ့တပ်မတော်မှ ဆိုရှယ်လစ်ပါတီကိုဖွဲ့စည်းကာ နိုင်ငံအားအုပ်ချုပ်ခဲ့သည်။
![](https://img.wattpad.com/cover/262215095-288-k19065.jpg)
YOU ARE READING
မေ့ရဲ့မမမြိုင်
Romance🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...