(Part-10)

2.7K 167 1
                                    

Unicode
အပိုင်း-တစ်ဆယ်

မေ့အိမ်ကို စည်းရုံးရေး လာဆင်းနေတဲ့ လူတွေကို ပြန်တွေးကြည့်လို့ နေမိသည်။

တချို့လူ‌တွေက နိုင်ငံရေးကြောင့်လာသည်
တချို့လူတွေမှာလည်း စီးပွားရေးလာကမ်းလှမ်းသည့်လူတွေသာဖြစ်သည်။ ထိုထဲတွင် နောက်ဆုံးလာကမ်းလှမ်းတဲ့လူတွေက‌တော့ မေ့ကိုလာ‌ေတာင်းရမ်းတာတွေပင်ဖြစ်သညါ။

မေသိပါတယ် သူတို့အကုန်လုံးက မေ့ကိုချစ်လို့သည် ခေါင်းစဉ်တက်ကာ‌ေတာင်းမည် ဆိုသော်လည်း တကယ်တန်းမှာစီးပွားရေးကြောင့်ပင်။

"ဟင်း"

တော်ပါသေးရဲ့ အဖေတို့က တခြားမိန်းကလေးတွေလိုမျိုး အိမ်ထောက်မှု‌ေတွသင်ခိုင်းပြီး အရွယ်ရောက်ရင် ယောကျာ်းယူကလေးမွေး ပြီးရင်အသက်တွေကြီးသွား‌ပြီး ခေါင်းချသွားရမဲ့ဘ၀မျိုး မရောက်အောင်ထားလို့ တကယ်တော်ပါသေးရဲ့။

မေလှဲ‌ေနရာကနေ စားပွဲခံုမှာ သွားထိုင်လုိက်ပြီး လွယ်အိတ်ထဲက မမမြိုင်ရဲ့ပု၀ါလေးကိုထုတ်လို့ကြည့်မိသည်။ ချည်သားပါးပါးလေးပေါ်မှာ ပန်းရောင်သန်းနေတဲ့ ချယ်ရီပွင့်လေးတွေနဲ့ ‌ေသချာယက်ထားတဲ့ ပုဝါလေး။ ထိုပုဝါလေးသာ သူ၏ပိုင်ရှင်အတိုင်း မြင်ရသည်မှာ ကျက်သရေရှိသလို နွေးလည်းနွေးထွေးသည်။

မေပုဝါလေးကိုသေချာပြန်ခေါက်ပြီးအိတ်ထဲပြန်ထည့်လိုက်သည်။ လက်ထဲကနာရီကိုကြည့်တော့သုံးနာရီ‌ေတာင်ခွဲတော့မည်ဖြစ်သည်။

ထို့ကြောင့်မေ့အမေဆီသွားကြည့်ရန်စိတ်ကူးသည်။ ပင်ပန်းလာမယ်ထင်သည်။

မေအောက်ထပ်ကို ခပ်သွပ်သွပ်ဆင်းလာလိုက်ပြီး ညာဘက်ထောင့်က အခန်းထဲ၀င်သွားလိုက်သည်။

မေ့အဖေတို့အခန်းကရိုးရှင်းသည်ဟုပြောရမည်။ အခန်းအလည်မှာ ကုတင် ၀ရံတာဘေးမှာစာရေးစားပွဲခုံ ဘီရိုနဲ့စာအုပ်စင်ကြီးကလွဲလို့ကျန်တာမရှိပေ။

မေ ခြေလှမ်းခပ်ဖွဖွလှမ်းပြီး ၀ရံတာနားမှာထုိင်‌ေနသည့် ‌ေမ့အမေနားကိုကပ်ပြီး စကား‌ေလးတိုးတိုး‌ေပြာလိုက်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now