(Extra-2)

2K 130 14
                                    

Unicode
[အချပ်ပို-နှစ်]

ဦးနောင်တို့အား မောင်နိုင်းတစ်ယောက် ပြောပြပြီးသည့်နောက် မေ့အမေနှင့်အဖွားတို့မှလွဲ၍ စိတ်မကောင်းဖြစ်နေသည့် အိမ်သားများကို ကြည့်ပြီး၀မ်းနည်းလာ၍ စာသင်ကျောင်းလေးရှိရာ အနီးအနားက လမ်းကွေ့လေးအနီးရှိ အပင်လေးအောက်ငုတ်တုတ်ထိုင်နေမိသည်။ တောင်တန်းတွေကြားမှ ဝေ့ကနဲတိုက်ခတ်နေသည့်မြောက်လေရူးကြောင့် အေးနေသော်လည်း ရင်ထဲက၀မ်းနည်းစိတ်တို့အား ဖြေမဆည်နိုင်အောင်‌ ဖြစ်နေရသည်။

ထို့နောက်အနီးနားစိုက်ခင်းမှ အပေါ်ပိုင်း‌ဗလာနှင့် ပလွိုင်းလွယ်ကာ မောင်နိုင်းအနားကပ်လာသည့် ကိုဆိုင်မော့ကိုသာ တမေးတမောငေး‌ကြည့်နေမိသည်။ သည်လူ၏ဘ၀ဆိုမည်မျှကောင်းလိုက်သနည်း။ ဂုဏ်ပကာသနမရှိ။ စိုက်ခင်းစိုက်သည်...ရောင်းသည်...စိုက်သည်။ အတော်ကိုအေးချမ်းလှသည်။ အပူအပင်ဟာနိတ္ထိ။

"အေးနေတာဘယ်လိုလုပ် ဒီမှာထိုင်နေတာလဲ နိုင်းငယ်"

"ခင်များဗျာ အဲ့ငယ်ကြီးဖြုတ်စမ်းပါ ကျနော်က ယောင်္ကျားစစ်စစ်ဗျ"

ဟုပြောပြီးမှ ခေါင်းငိုက်စိုက်သွားရင်း ပြောမိပြန်သည်။

"ချစ်ရတဲ့သူကိုတောင် မကာကွယ်နိုင်တဲ့ အပလာကောင်ပါဗျ လာကောင်းပေးမနေပါနဲ့"

ဟုပြောတော့ မောင်နိုင်းအနား၀င်ထိုင်ကာ စိုးရိမ်တကြီးဖြင့်ထိုသူမှမေးလာသည်။

"ဘာဖြစ်လို့လဲနိုင်းငယ်ရဲ့ ဘယ်သူ့ကိုမကာကွယ်နိုင်ခဲ့တာ‌လဲ"

ဟုမေးတော့နိုင်းတစ်ယောက် ကိုယ့်ရင်ကိုခွဲနေရသလိုပင်။ မေဆုံးသည့်အကြောင်းအား လိုက်ပြောနေရသည့်နိုင်း၏အဖြစ်ဟာ ၀ဍ်ကြီးလှပါသည်။

"မေဗျ မေဆုံးပြီ"

ဟုပြောပြီးသည့်နောက် အရာရာတိတ်ဆိတ်သွားလေသည်။ ထို့ကြောင့်နိုင်းတစ်ယောက်ကိုဆိုင်မော့အားမော့ကြည့်တုံးမမျှော်လင့်ထားသည့်သူကိုတွေ့ပြီး မိုးကြိုးပစ်ချခံလိုက်ရသလိုပင်ခံစားလိုက်ရသည်။ ထိုသူဟာ စာသင်ကျောင်းလေးမှ ခြင်းတောင်းလေးအားကိုင်ကာထွက်လာသည့်အမရီပင်။ ထို့ကြောင့်အမရီသူ့အားမမြင်ခိုက် ပြေးမည်အလုပ်

မေ့ရဲ့မမမြိုင်Where stories live. Discover now