(Part-44)

1.5K 121 6
                                    

Unicode
"အပိုင်း-လေးဆယ့်လေး"

"မကြောက်စမ်းနဲ့
အနားမှာလေကိုယ်ရှိတယ်...
နောက်မဆုတ်နဲ့ အနားမှာလေ
ကိုယ်ရှိတယ်....

တိုးတိုးလေးအားပေးစကားပြောနေမယ်..
သိပ်သိပ်ချစ်ရတဲ့နွဲ့တင်ရယ်"

မေနှင့်မြိုင်တို့ အတူမနက်စာ ခပ်မြန်မြန်ပဲစားလိုက်ပြီး အမေနှင့်အဖွားတို့ရှိရာ အိမ်ကြီးဆီချီတက်ရင်း စိုင်းထီးဆိုင်၏သီချင်းလေးကိုညီးနေမိသည်။

တကယ်တမ်းဆိုလျှင် မေစိုးရိမ်နေတာကိုမမမြိုင်လဲစိုးရိမ်မှန်းသတိထားမိနေသည်။ ထို့ကြောင့် မေဟာမြိုင့်ကို အားပေးချင်သည်။ အားပေးရန် ပြေးမြင်မိသည်မှာ သီချင်းတို့သာဖြစ်သည်။ ထိုထဲတွင် ပြေးမြင်မိသည်မှာ နွဲ့တင်သာဖြစ်နေသည်။

တောင်ပေါ်လမ်းတစ်လျှောက် မေဆုတ်ကိုင်ထားသည့်မြိုင့်၏လက်တို့ဟာ အေးနေ‌ေသာ် လည်း မြိုင့်၏မျက်နှာနုနုဟာ အရင်အတိုင်းပင်။ နှုတ်ခမ်းထပ်တွင်လဲ အပြုံးလေးတစ်ခုကိုချိတ်ဆွဲထားသည်မို့ ကြည့်ရသည်မှာ မြိုင်စိတ်လှုပ်ရှားနေသည်ထင်။

ထိုတောင်‌ေပါ်လမ်းဆီတက်လာရင်း တဖြေးဖြေး‌န‌ှင့် အိမ်ကြီးဆီရောက်လာပြီဖြစ်သည်။

ခြံ‌ေရှ့ရောက်တော့ နောက်ကနေတိတ်တဆိတ်ကပ်လိုက်လာသည့် မောင်နိုင်းဟာ ခြံတံခါးကိုပြာပြာသလဲလဲ အပြေးလေးသွားဖွင့်ကာ‌ ချမ်းတယ်ဟု ပြောပြီး အိမ်ထဲသို့အမြန်ပြေး၀င်သွားသည်။

ထင်းရှူးပင်တွေရှိသည့် တောင်တန်းကြီးတွေကိုခြံမှတဆင့်မြင်နေရသည်။ မြေနီလမ်း၏အငွေ့အသက်ဟာ ယခုမှအသက်၀င်နေသလိုပင်။

"လာ မြိုင် သွားကြတာပေါ့"

ဟုဆိုကာမေတို့ခြံထဲမှတဆင့်အိမ်ကြီးထဲ၀င်သွားလိုက်သည်။

အိမ်ထဲရောက်တော့ ‌ဧည့်ခန်းထဲတွင်အသင့်စောင့်နေသည့်အသက်ကြီးကြီးစုံတွဲနှင့် အမေ့ကိုတွေ့သည်။ ထို့‌ေြကာင့်ခက်သွက်သွက်ပဲမြိုင့်၏လက်ကိုမေ့လက်ဖ၀ါးထဲထည့်ပြီး ‌အမေတို့ရှေ့ ခေါ်သွားလိုက်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now