(Part-49)

1.4K 115 2
                                    

Unicode
"အပိုင်း-လေးဆယ့်ကိုး"

နှစ်နှစ်နဲနဲနမ်းရှိုက်တော့ ဆေးကူစရာမလိုပဲ ရဲတက်လာသည့် သူမ၏ပါးပြင်မို့မို့လေးကိုကြည့်ပြီး မေတစ်ယောက် အလွန်ရင်ခုန်ရပါသည်။ မြိုင့်၏ပါးပြင်လေးထံမှ သနပ်ခါးနံ့သင်းသင်းလေးဟာ မေ့ရင်ခုန်သံအား လှိုင်းတပိုးတို့နှယ် သည်းထန်စေပါသည်။

ထို့နောက် မြိုင့်အားရင်ခွင်ထဲသိမ်းထုတ်ကာတင်းကြပ်စွာဖတ်ရင်း သူမ၏ပုခုံးလေးထံခေါင်းမှီကာ အလုပ်မသ‌ွားခင်လေးအပြည့်အ၀ ဇိမ်ယူနေလိုက်သည်။

သို့သော် တစ်ခုခုထူးဆန်းနေသလိုပင်။ မြိုင့်၏လက်တို့ဟာရပ်သွားပြီး သူမ၏မျက်လုံးတို့ကိုပွတ်နေသည်။ စိုးရိမ်ကြီးစွာ ၀မ်းနည်းစွာဖြင့် မျက်လုံးလှလှကလေးများထဲရှိ မျက်ရည်များအား တစ်စုံတစ်ယောက်သတိမထားမိအောင် တိတ်တဆိတ်ကလေး သုတ်နေသည်။

အရာရာဟာ နာသာခံခက်ပင်။ ပျော်ချိန်တန်တော့လည်း မပျော်ရ။ ယခုလိုကာလမျိုးထဲတွင် မည်သည်ကိစ္စများဖြင့် ကြည်နူးစရာကောင်းအောင်လုပ်လုပ် မေတို့နှစ်ယောက် မပျော်နိုင်ပါ။ နှလုံးသားတို့မ‌ှာ တုန်ရီနေကြသည်။

မေတစ်ယောက် တသိမ့်သိမ့်တုန်လာသည့် မြိုင့်၏ပုခုံးတို့အားခံစားနေရသည်။ ရင်ခွင်ထဲရှိကျောပြင်ငယ်လေးမှာ တုန်ရီနေပါ၏။

'ဘယ်လိုလုပ်ရပါ့မလဲ'

မေတစ်ယောက် မြိုင့်အားလွှတ်ကာ မေ့ဘက်မျက်နှာမူစေလိုက်သည်။ သို့သော် မြိုင်ဟာ မျက်ရည်များအား မေ့ကိုမြင်စေချင်ပုံမရ။ ရေတံခွန်သဖွယ်ကျဆင်း‌ေနသည့် မျက်ရည်များအား အတင်းကိုသုတ်ပစ်နေသည်။ ထို့နောက် မြိုင်မေ့ဘက်လှည့်ကာ ရီမောရင်းပြောလာသည်။

"အိုကွယ် မျက်စိထဲ ငရုတ်သီးမှုန့်များ ၀င်သွားလားမသိဘူး"

ဟုရီမောကာပြောလာသော်လည်း သူမ၏မျက်၀န်းတို့မှာ အလွန်ကိုချွတ်ခြုံကျနေပြီဖြစ်သည်။

"မြိုင်ကတော့ နောက်နေပြီ ဒီမှာဘယ်လိုလုပ်ငရုတ်သီးမှုန့်ရှိမလဲ ပန်းကန်တွေနဲ့ရေတွေပဲရှိတာကို ဟားဟား နောက်တစ်ခါကျရင် ရန်ကုန်က မျက်မှန်လုပ်လာရမယ်"

မေ့ရဲ့မမမြိုင်Where stories live. Discover now