(Extra-3)

1.9K 140 14
                                    

Unicode
[အချက်ပို-သုံး]

မြေနီအိမ်လေးထဲရှိ အခန်းလေးထဲတွင်မိန်းကလေးတစ်ယောက် လှဲလျောင်းနေသည်။ မျက်၀န်းများဟာ ချောင်ကြနေသောကြောင့် ယခုလိုမျိုး အိပ်ပျော်နေသည်ကိုပဲကျေနပ်ရမယောင်။ တစ်ခါတရံလည်း နာမည်တစ်ခုတည်းကိုသာ တမ်းတမ်းတတဖြင့်အော်ခေါ်နေတတ်သည်။ ရုတ်တရက်သူမ ထထိုင်ကာအခန်းအပြင်သို့ထွက်ပြီး ရန်ကုန်ကဖြစ်ရပ်အားလုံးကိုသိသည့် နိုင်းအားလိုက်ရှာတော့ မြိုင်‌နှင့်...သူမ၊ မေထိုင်နေကြနေရာချယ်ရီပင်လေးအောက်တွ င်ထိုင်နေသည်ကိုတွေ့သဖြင့် အပြေးလေးသွားပြီးအတည်ပြု‌မိသည်။

"နိုင်း အမကိုမညာပါနဲ့ ညီမမေအခု အမေတို့ဆီသွားတာမဟုတ်လား.. သူပြန်လာမယ်လို့ပြောခဲ့တာ အမကိုသူလက်ထပ်မယ်တဲ့ သူ..အမကိုထားသွားတာတော့မဟုတ်လောက်ပါဘူး"

ဟုတရစပ် ဆို့နင်စွာဖြင့်ပြောလာသည့် အမရီအား မောင်နိုင်းတစ်ယောက် ကြည့်နေရုံသာလွဲလို့ ဘာမှမလုပ်ပေးနိုင်။ သူမယခုဘယ်လောက်တောင် ခံစားနေရမလဲဆိုတာ အကြည့်လေးတချက်ဖြင့်ပင် သိနိုင်ပါသည်။

ချစ်ရသူအား ရုတ်ချည်းဆိုသလို လက်လွတ်လိုက်ရသည့်အပြင် အလောင်းတောင်မတွေ့ရ။ သေသည်ဆိုတာတောင် နှစ်လနေမှသိသည်။ ‌တစ်ချိန်လုံးမျှော်လင့်တကြီးဖြင့်စောင့်မျှော်ခဲ့ရသည့်အချိန်တွေထပ်ပင်ယခုဟာပူလောင်ရသည်ပင်။

"ကျွန်တော် ဘယ်လိုရှင်းပြရမလဲမသိပင်မဲ့ မေကအမကိုသူမဆုံးခင်ညအထိ အမအကြောင်းပဲပြောနေခဲ့တာပါ"

ကျွန်တော်တောင်မနာလိုဖြစ်ရတဲ့မျက်၀န်းတွေနဲ့အမကိုမြတ်နိုးရကြောင်းတွေသူမကပြောပြနေခဲ့တာ။

"နိုင်းငယ်ကိုယ်တို့ခဏရှောင်ပေးရအောင်"

ဟုကိုဆိုင်မော့က မောင်နိုင်းအနားကပ်ကာတိုးတိုးလေးပြောလာလေသည်။ ကိုဆိုင်မော့ပြောတာ ဟုတ်သည်။အမရီအားခဏလောက်အချိန်လေးပေးသင့်သည်။ သူမစိတ်ကြိုက်ငို‌ေကြွးပါစေ‌ေလ။

"အမရီ ကျနော်ခဏသွားမယ်"

ဟုဆိုကာ မြေနီအိမ်လေးရှေ့ခုံတန်းလေးမှမောင်နိုင်းနှင့်ကိုဆိုင်မော့တို့ ထွက်လာခဲ့ကြသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now