(Part-26)

1.9K 155 13
                                    

Unicode
“အပိုင်း-နှစ်ဆယ့်ခြောက်”

မေတစ်ယောက်အပျော်လွန်ပြီး ထိုဆရာကိုကျေးဇူးတင်‌ေကြာင်းပြောကာ ထွက်လာခဲ့ပြီးမှ ‌မမမြိုင်ဟာဘယ်အတန်းမှာလဲဆိုတာ မေမမေးလိုက်ရပါ။ ထို့ကြောင့် ကျောင်းအလည်တွင်ကြောင်တောင်တောင်ဖြင့်မမမြိုင်ကိုလိုက်ရှာနေတုံး ရုတ်တရက်မေ့ထမိန်ကိုလာဆွဲသည့်ကလေးသေးသေးလေးကြောင့် အနည်းငယ်ကြောင်သွားသည်။

"ကလေး‌လေး ဘာဖြစ်လို့လဲ"

ဟုမေမေးလိုက်သော်လည်း ဒီကလေးငယ်မှာမေပြောသည့်စကားကိုနားလည်သည့်ဟန်မပေါ်ပေ။ ထို့ကြောင့်မေတစ်ယောက်အနည်းငယ်ခေါင်းစားရပြန်သည်။ သို့သော်‌ယခုချိန်မှာ‌ေန့လည်စာစားချိန်မို့ ရုတ်တရက်ကြားဖူးနေသည့်စကားကိုထုတ်ပြောလိုက်သည်။

"ကျင်ခေါင်ပ်ယောက်ယောင်ဟ"

"အောခ...ခိုင်လတ်ကွမ်တော်ဆူ"

ရုတ်တရက်ထိုကလေးလေးဆက်ပြောလာသည့်စကားကြောင့်မေတစ်ယောက်လန့်သွားသည်။ ဒီကလေးလေးကမေနှင့်စကားပြောချင်သည်တဲ့ သို့သော်မေဒီကလေးလေးကိုဘယ်လိုစကား‌ပြန်ပြောရမလဲမသိပါ အဖိုးတို့အဖေတို့ကစာပြောတတ်သာမေကတော့ငယ်ငယ်တည်းကရန်ကုန်မှာနေလာသည့်သူဖြစ်ဖြင့်ရှမ်းစကားအားများများစားစားမပြောနိုင်ပါ။ ထို့ကြောင့် နေပူကြီးထဲခေါင်းကုတ်ကာအကြပ်ရိုက်နေတုံး ရုတ်တရက်...

"အို ညီမမေ ဒီမှာဘာလုပ်နေတာလဲ"

မမမြိုင်ကိုတွေ့လိုက်ရသည်မို့နေခြစ်ခြစ်တောက်ပူနေသော်လည်းစိတ်အေးသွားရသည်။

"ညီမအမနဲ့အတူနေ့လည်စာလာစားတာ"

ဟုပြောနေတုံး‌ေဘးက ကလေးမလေးကိုပြန်ကြည့်တော့ ထိုကလေးမလေးမရှိတော့။

"ကဲ ဒီလိုဆိုအမနဲ့အတူလာစားလေ ပဲပုပ်ကြော်ရယ် တို့ဖူးသုတ်ရယ် ထမင်းရယ်ထည့်လာတယ် ညီမစားမယ်မလား ညနေကျရင်တော့ရှမ်းထမင်းချဉ်လေးလုပ်ကျွေးမယ်နော်အဲ့တာလေးလဲစားမယ်မလား"

"‌ဒါပေါ့စားမှာ မေ့တစ်သက်လုံး အမလုပ်‌ေကျွးသမျှအကုန်စားမယ် စိတ်ချ"

မေ့ရဲ့မမမြိုင်Where stories live. Discover now