(Part-52)

1.3K 102 0
                                    

Unicode
"အပိုင်း-ငါးဆယ့်နှစ်"

ညိုးကျသွားသည့် မြိုင့်မျက်နှာလေးအားကြည့်ကာ မေစိတ်မကောင်းဖြစ်မိသည်။

'ဒီကောင်‌ေတာ်တော် အရိပ်သုံးပါးနားမလည်တာပဲ'

ဟုမေတွေးနေတုံး ညီမမေအလုပ်ကိုပြန်တော့လေဟု ပြောလာသည့် မမမြိုင်ကြောင့် မပြန်ချင်သော်လည်း ပြန်ထွက်လာခဲ့ရသည်။ ထို့ကြောင့် အပြန်လမ်းတွင် မောင်နိုင်းအား မေစက်ဘီးနှင့် မသိမသာ၀င်တိုက်မည်အလုပ် မောင်နိုင်းအစား ၀င်ကာလိုက်သည့် ကိုဆိုင်မော့ကြောင့် စက်ဘီးနှင့်တိုက်မည့်မေ့အကြံတို့ အငွေ့ပျံသွားပြီး ကြောင်အသွားမိသည်မှာ ကိုဆိုင်မော့၏မျက်လုံးများထဲရှိအကြည့်များကြောင့်ပင်ဖြစ်သည်။

လေးနက်နေသလို မောင်နိုင်းအပေါ်ကြည့်နေသည်မှာ နွေးထွေးနေသည်။ ထိုသို့အတွေးနယ်ချဲ့နေတုံး အရိပ်အကဲမသိသည့် မောင်နိုင်းမှ စကားစလာသည်။

"မိမေ မနက်ဖြန်အတွက်ပြင်ပြီးပြီလား ငါကြီးကြီးတို့ကိုတော့ ငါရန်ကုန်ကိုပြန်ဆင်းတုံးမိမေကိုခေါ်သွားမယ်လို့ ပြောထားတယ်"

"အေး ဒီလိုဆိုလည်းပြီးတာပဲ တခြားဟာအမေတို့မပြောဘူးလား"

ဟုမေးတော့ခေါင်းခါပြသည်။ ကြည့်ရသည်မှာ မေသွားမနှုတ်ဆက်လျှင်ပိုကောင်းမည်ပုံပင်။ ဒီလိုနှင့်စက်ဘီးကိုတွန်းနေတုံးခုနက မေတို့ရန်ကုန်ပြန်မည်ဟုပြောသည့်အချိန်တွင် ကွက်ခနဲမျက်နှာပျက်သွားသည့်ကိုဆိုင်မော့ဟာ ယခုချိန်တွင်အတော်စိတ်၀င်စားဖွယ်ကောင်းနေသည်မို့ မောင်နိုင်းအားဘေးခေါ်ကာ ကိုဆိုင်မော့မသိအောင်တိတ်တိတ်ကလေးမေးလိုက်သည်။

"နင်နဲ့‌ကိုဆိုင်မော့နဲ့က ဘာတွေလဲ"

ဟုမေးတော့ စာကလေးမောင်နိုင်း၏ မျက်နှာရဲတက်လာကာ မေတို့နောက်ကကိုဆိုင်မော့ကို ခိုးကြည့်သည်။ ထိုအကြည့်ကို ကိုဆိုင်မော့ကလဲ မသိမသာကြည့်ကာ ပြုံးပြသည်။

'ဘုရားရေ'

မေတစ်ယောက် စိတ်ထဲဘုရားသာတမိသည်။ ဒီမှာတော့ရင်ထဲ တိုင်ဖွန်းတွေတိုက်နေသည်ကို မောင်နိုင်းတို့နွေဦးရောက်ကာပန်းတွေဝေ‌ဆာနေသည့်ပုံပင်။

မေ့ရဲ့မမမြိုင်Where stories live. Discover now