(Part-61)

1.3K 102 0
                                    

Unicode
"အပိုင်း-ခြောက်ဆယ့်တစ်"

ကျားခံတွင်းထဲ ရောက်သလို မေတို့ခံစားနေရသည်။ ဘေးကရပ်နေသည့်မောင်နိုင်း၏မျက်နှာလည်းမကောင်း။ ဦးအောင်ကတော့ သရော်ပြုံးဖြင့် မေတို့အားစကားစလာသည်။

"ကြွက်လေးတွေလိုပဲ ငါ့သားတို့ရာ အိမ်မှာလုပ်စရာရှိတာလုပ်နေရင်အကောင်းကို...ဘာလို့လမ်းသလားနေတာလဲ"

"..."

မေတို့နှစ်ယောက်လုံး ဦးအောင်၏မေးခွန်းကိုမဖြေမိကြ။ ဒီလူ့မျက်နှာအား မမြင်ချင်၍ လှည့်ပြန်ထွက်ရန်သာ လမ်းရှာနေကြသည်။

"ကျစ် ဒီမှာကြည့်ပါအုံး သမီးမေ မျက်နှာလှလှလေးမယ် ဒဏ်ရာတောင်ရနေပြီ"

ဟု‌ေသွးထွက်‌ေနသည့် မေ့ပါးကဒဏ်ရာကိုပွတ်လာသည့် ဦးအောင်၏လက်တွေကို ပုတ်ထုတ်ရင်း ဆိတ်ဆိတ်နေသည့် ပတ်၀န်းကျင်မှ မေရုန်းထွက်လိုက်သည်။

"ဒါကျွန်မတို့ရွေးချယ်မှုပဲ ဦးအောင်လဲလုပ်စရာရှိတာလုပ်ပါ အလင်း၀င်လာရင်တော့အကောင်းဆုံးပဲပေါ့"

ဟုဖြေတော့ ဦးအောင်ဟာ အားရပါးရရီသည်ကိုကြည့်ပြီး မေ့စိတ်ထဲစက်ဆုတ်လာမိသည်။

"ဟားဟား အလင်း၀င်ရမယ်တဲ့လား ဒီလိုဆို အဲ့အလင်းတွေရော ကျည်ဆန်တွေရော၀င်သင့်တာ...သမီးမေတို့များဖြစ်လာမလား"

ဟုနောက်ဆက်တွဲဖိကာ ပြောလာသည့် စကားဟာ မေတို့အား‌ခြိမ်းခြောက်နေသည့်အလား။

"အေး ငါ့သားလဲ နောက်ခါသတိထားပေါ့ နောက်ခါထပ်တွေ့ရင် လက်ထဲကသေနတ် ‌မင်းတို့ခေါင်းကိုတေ့ရလိမ့်မယ်...အခု‌ေတာ့သွားကြ"

ဟုပြောကာ မောင်းပြန်သေနတ်ကို မေတို့အားချိန်ရင်းပြောနေသည့် ဦးအောင်အား လွှတ်ပေးလို့ ကျေးဇူးတင်ရမည်လားဟုတွေးရင်း အမြန်ပဲနောက်လှည့်ကာ ခြံထဲမှထွက်မည်အလုပ်...

"ဒိန်း!"

ရုတ်တရက် မေ့ဘက်ကိုချိန်ပြီးပစ်လိုက်သည့်ထိုသေနတ်ဟာ ဘယ်ဘက်လက်ဖျံထဲ ကျည်တစ်တောင့် ဖောက်ကနဲမြည်အောင်၀င်သွားကာ မြေပြင်ပေါ်သို့ သွေးစက်များ အလျှင်အမြန် စီးကျလာလေသည်။ ထိုသို့ဖြစ်ပျက်သွားတာတွေဟာမြန်လွန်း၍ သွေးထွက်နေသည့် မေ့၏လက်ဖျံကိုသာ ကြောင်အစွာဖြင့် စိုက်ကြည့်နေတုံး...

မေ့ရဲ့မမမြိုင်Where stories live. Discover now