(Part-3)

3.8K 242 2
                                    

Unicode
"အပိုင်း-သုံး"

မေစက်ဘီးကို ဆက်မစီးတော့ အဘွားတို့အိမ်နား ရောက်ကာနီးပြီမို့ တွန်းသာ သွားလိုက်တော့သည်။ မေ ခြံ‌ေရှ့‌ေရာက်‌ေတာ့ ခြံတခါးကို သောခ့်ခတ်ထားသည်မို့ အော်ခေါ်လိုက်သည်။

"ဗျို့အိမ်ရှင်တို့ အိမ်ရှင်တို့"

နှစ်ခါလောက် အော်ခေါ်လို့အပြီးမှ
တဖက်မှ လူလာသံထွက်လာသည်။

"လာပါပြီဗျ လာပါပြီ"

"ကျွှီ~"

"ဒီကမိန်းကလေးက ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲခင်ဗျာ"

အသားဖြူဖြူနှင့် မျက်မှန်ကိုစွတ်ကျယ်ဖြူတွင် ချိတ်ထားကာ လက်ထဲသရက်သီးခြင်းကြီးကိုကိုင်ထားရင်း မေ့ကို‌သေချာကြည့်နေသည့်ဦးနောင်ကို...

"ဟော ဦးလေးနောင် သမီးကိုမမှတ်မိတော့ဘူးလား မတွေ့ရတာ တစ်လပဲရှိသေးတယ်လေရှင်"

မေ့ကို ဦးနောင်က မမှတ်မိဟန်နဲ့ တချက်စဉ်းစားနေသေးသည်။ ပြီးမှ..

"အော်သမီးမေ သမီးလေးလာလာ ဦးနောင်မျက်မှန်မတက်ထားမိလို့ကွယ် လာ၀င်၀င်"

"ဟုတ်မေ စက်ဘီးကို ဒီသရက်ပင်အောက်မှာပဲ ရပ်ခဲ့မယ်နော်"

"အင်းရတယ်ရတယ် တော်သေးတာပေါ့ ဦးနောင်လည်း သရက်သီးလာခူးရင်း သမီးနဲ့တိုးလို့ မဟုတ်ရင် တော်တော်အော်ခေါ်ရမှာကွ ဟားဟား။ ဒါနဲ့ဘယ်တုံးကပြန်ရောက်တာလဲ၊ ထမင်း‌ေရာစားပြီပြီလား"

"ဒီနေ့မနက်ပဲ ပြန်ရောက်တာ ဦးနောင်ရဲ့ ထမင်းတော့ မစားရသေးဘူး"

"ကဲဒီလိုဆို အတော်ပဲ ဦ‌ေလးတို့လည်း ထမင်းစားဖို့ လုပ်နေကြတာကွယ် တစ်ခါထဲ ၀င်စားသွားလိုက်"

"ဟုတ်ကဲ့ ဒါဆိုလည်း သမီး၀င်စားသွားမယ်လေ"

•••

မေ ဦး‌ေနာင်နှင့် ရောက်တက်ရာရာ စကားပြောရင်း အိမ်ဘက်ကိုလမ်း‌‌ေလျာက်လာလိုက်သည်။ ဦး‌ေနာင်က‌‌ ဖေဖေ့ရဲ့ညီငယ် အဖွားတို့က အိမ်မှာအကူမထား သားသမီးအရင်းလောက် ဘယ်သူမှခိုင်းမကောင်းဘူးဟုဆိုကာ ဦးနောင်ကိုပဲအမြဲခိုင်းသည်။ ဒီလိုနှင့် ဦးနောင်မလည်း အခုချိန်ထိတစ်ကိုယ်တည်း လူပျိုသိုးကြီး လုပ်နေရတာဖြစ်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now