(Part-24)

1.8K 135 8
                                    

Unicode
"အပိုင်း-နှစ်ဆယ့်လေး"

မေတစ်ယောက် သဘာ၀ရှုခင်းတွေကိုခံစားရင်း လမ်းလျောက်နေတုံး ရုတ်တရက် နောက်ကနေမြန်မာစကားဝဲဝဲဖြင့်ဘေးနားရောက်လာသည့် ကိုဆိုင်‌ေမာ့ကြောင့် ကြောင်သွားမိသည်။

"ညီမမေ အလုပ်သွားမလို့လားဗျ"

"ဟုတ်ကဲ့ ကိုဆိုင်‌ေမာ့ကရော ဘယ်သွားမလို့လဲ"

"ကျုပ်က မြိုင့်ကိုလိုက်ပို့ပြီး ပြန်လာတာဗျ"

'ဘယ်လို ကိုဆိုင်‌ေမာ့က..မမမြိုင်ကိုလိုက်ပို့တယ်'

မေတစ်ယောက် စိတ်ထဲတွင် အချဉ်‌ေပါက်နေသည့်အပြင် မျက်နှာကပါသံပုရာသီးပုံစံပေါက်လာကာ ဘေးကနေ မမမြိုင်အားလိုက်ပို့ခဲ့ရသည့်အကြောင်းကိုအားရပါးရပြောနေသည့် ကိုဆိုင်‌ေမာ့ကိုကြည့်ပြီး တွေးမိသည်မှာ တစ်ခုပဲရှိသည်။

'ဒီလူသာ မမမြိုင်ကို...'

ဟင့်အင်း။ ယခုလိုမေမတွေးချင်ပါ။ မမမြိုင်ကိုမေယုံရမည်ဟု တွေးကာချွေးသိပ်လိုက်သည်။

"ဆရာနောင်ရဲ့တူမဆိုတော့ ကျုပ်ထပ်ငယ်မယ်ထင်တယ်‌နော့ ပေါ့ပေါ့ပါးပါးပဲပြောတော့မယ် အဆင်ပြေတယ်မလား"

"ပြေပါတယ် အဆင်ပြေသလိုပဲပြောပါ"

"ဟုတ်ပြီလေ ဒါနဲ့ညီမမေ မြိုင်နဲ့အတူနေတော့ မြိုင်ဘာလေးတွေကြိုက်လဲဆိုတာသိလား သိရင်ကျုပ်ကိုနည်းနည်းပြောပြပါလား မြိုင်ဘာကြိုက်တတ်လဲဆိုတာကျုပ်သိထားတော့ အနာဂတ်အတွက် အဆင်ပြေတာပေါ့"

"အို..ဒါကလွယ်ပါတယ် ကျွန်မကိုမမေးပဲ မမမြိုင်ကိုသာမေးလိုက်ပေါ့ သူ့အကြိုက်ကိုသူပဲသေချာသိမှာပေါ့ ကိုဆိုင်‌ေမာ့ရဲ့"

"ဟားဟား ကဲဗျာ ညီမမေကမပြောပြချင်လဲကျုပ်ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ အဖြေရှာတော့မယ် အခုတော့ကျုပ်စိုက်ခင်းထဲ ဆင်းတော့မယ် အချိန်ရရင် ခြံထဲအလည်လာခဲ့အုံးဗ‌ျာ"

"ဟုတ်ကဲ့ အေးဆေးသွားပါ"

ဟုပြောပြ‌ီးအတွေးပေါင်းစုံနှင့် လျှောက်လာမိတာ နာရီ၀က်ခန့်အကြာမှာတော့ ရုံး‌ကိုရောက်ပြီဖြစ်သည်။ အချိန်အားဖြင့်ကြည့်လျှင်ရုံးကိုရောက်ရန် နာရီ၀က်ခန့်လမ်းလျှောက်ရသည်။ လမ်းလျှောက်ရသော်လည်း မြင်ရသည့်မြင်ကွင်းမှာ ညောင်းသလောက်တန်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now