(Part-14)

2.1K 169 0
                                    

Unicode
အပိုင်း-တစ်ဆယ့်လေး

မေနဲ့မောင်နိုင်း ကိုကြီး‌ထွန်းအောင်နှင့်စကားပြောနေတာ ဘယ်လောက်ကြာသွားလဲမသိလိုက် နာရီကြည့်‌ေတာ့ နေ့လည်တစ်နာရီထိုးနေပြီဖြစ်သည်။ နေ့လည်နေဆိုသည့်အတိုင်းပဲ ခေါင်းတည့်တည့်ကိုရောက်နေပြီး အပူချိန်ကတော့ ပြောစရာမလိုအောင်အတော်ပင်ပူ‌သည်။

မေနှင့်‌ေမာင်‌နိုင်း ကိုကြီးထွန်း‌ေအာင်ကိုနှုတ်ဆက်ပြီး နွယ်ညိုကနေ ထွက်လာခဲ့သည်။ ဒီတစ်‌ေခါက် အပြန်လမ်းမှာတော့ ထွေထွေထူးထူး စကားသိပ်မပြောကြတော့။ အသက်ရလာတာနဲ့အညီ စကား‌နည်းလာပြီးငယ်ငယ်ကလို စိတ်အားထက်သန်မှုဆိုတာ အရင်ကလောက် အားမရှိတော့ဟု တွေးရင်းကားပြတင်းပေါက်ကနေအပြင်ကို ငေးနေတုံး မောင်နိုင်းဆီကနေ အသံထွက်လာသည်။

"မေ နင်...ရှမ်းပြည်မှာအချစ်တွေ့နေပြီလား"

ရုတ်တရက် အခုလိုမေးခံလိုက်ရသဖြင့် ဘာပြောရမှန်းမသိအောင် စကားလုံးတို့ရှာမရ။ ထိုကြောင့် လည်ချောင်းရှင်းလိုက်ပြီး စကားခပ်တိုတိုသာ‌ေပြာလိုက်သည်။

"အင်း မိန်းကလေးတစ်ယောက်ကိုပေါ့ "

မေ့စကားကိုကြားပြီး နိုင်းတစ်ယောက်အံ့ဩသွားသည့်ပုံပင်။ ထိုကြောင့်မောင်နိုင်းတစ်ယောက် လူရှင်းသည့်နေရာနားသို့သွားပြီးကားရပ်လိုက်သည်။

"နင်..ဘယ်လို...ငါနားမလည်ဘူး နင်ပြောချင်တာကို"

"ငါလဲနားမလည်ဘူး နိုင်း"

"နင် ချစ်တဲ့သူကမိန်းကလေးပေါ့ ဟုတ်လားမေ"

"အင်း အဲ့လိုပြောလို့ရမယ်ထင်တယ်"

မေ့စကားအဆုံး မောင်နိုင်းတစ်ယောက် ကားထဲမှထွက်သွားကာ မနီးမဝေးရှိ ခုံတန်းလေးတစ်ခုပေါ်သွားထိုင်နေသဖြင့် မေပါလိုက်သွားရင်း ထိုင်နေလိုက်သည်။

"နင် သူ့အနားမှာနေရင် ဘယ်လိုခံစားရလဲမေ"

မောင်နိုင်းမေးခွန်းကို မေဘယ်လိုဖြေရမလဲမသိ။ အဖြေများစွာပေါ်လာသည်မို့ သင့်တော်သည့် အဖြေကိုစဉ်းစားကာ ချွေးများပင်ထွက်လာသည်။ ထိုကြောင့် လက်ကနာရီကိုပွတ်နေရင်း

မေ့ရဲ့မမမြိုင်Where stories live. Discover now