(Part-63)

1.3K 100 1
                                    

Unicode
"အပိုင်း-ခြောက်ဆယ့်သုံး"

နာမည်ပြောင်အား ကြားပြီးသည့်နောက် မေတစ်ယောက် နှစ်ခြိုက်စွာရီနေမိသည်။

"ဘာတဲ့ စိတ်ဆက်တဲ့ရေခဲတုံးကြီးတဲ့လား ငါကအဲ့လောက် စိတ်ဆက်လို့လား"

ဟုပြောတော့ မေ့အားရေဘူးကမ်းပေးနေသည့် အဝါကမျက်ဖြူလှန်ကာ ပြောလေသည်။

"ရှင်ရယ် မမှတ်ဘူးလား ကျောင်းတုံးက နင့်ကို ချစ်စကားလိုက်ပြောတဲ့ ကောင်လေး‌ကိုခြေထောက်ချိုးပစ်ခဲ့တာကိုလေ။ အဲ့တုံးကဆိုငါတို့လန့်သွားခဲ့တာ ခြေထောက်ကျိူးလို့ငိုတဲ့သူကငိုနေပြီ နင်ကမျက်နှာသေနဲ့ရပ်ကြည့်ပြီး ထပ်ကန်သွားသေးတယ်လေ"

"အိုး ငါလုပ်ခဲ့တာလား မှတ်တောင်မမှတ်မိတော့ဘူး"

"ကဲပါကဲပါ ကျောင်းတုံးကနင်ကတကယ်ကြောက်စရာကောင်းတာ ဒါကိုပြန်မပြောတာပိုကောင်းတယ်။ ဒါနဲ့လေ...နေပါအုံးငါဒါတွေသွားထားအုံးမယ်"

ဟုပြောကာ စားလို့ပြီးသွားသည့်ပန်းကန်အားသွားထားနေသည့် အ၀ါ့ကိုလှမ်းကြည့်နေတုံးစိတ်ထဲ မြိုင့်အားသတိရနေမိပြန်သည်မို့ မေ့အကျီအိတ်ကပ်ထဲ ထည့်ထားသည့် အဖြူအမဲဓာတ်ပုံလေးအား ထုတ်ကြည့်ရင်း ဓာတ်ပုံထဲက မြိုင့်မျက်နှာလေးအား ခပ်ဖွဖွလေးထိတွေ့မိသည်။

မေမှတ်မိပါသေးသည်။ သည်ဓာတ်ပုံရိုက်သည့်အချိန်တုံးကဆိုလျှင် မြိုင့်ပါးကလေးများမှအစ မြိုင့်ဂုတ်ပိုးလေးတို့ ပန်းနုရောင်လေးသန်းနေခဲ့သည်ပင်။ မြိုင်ဟာကလေးငယ်လေးလိုပင်။ ယခုရောသူမဘာတွေလုပ်နေမည်နည်းဟုမေတစ်ယောက်ပြတင်းပေါက်မှ မြင်နေရသည့်လမင်းကြီးအားမေးခွန်းထုတ်နေမိသည်။

မြေနီရောင်အိမ်ကလေး၏ အရှေ့ခုံတန်းလေး၊ ချယ်ရီပင်ကလေးအောက်ရှိ ခုံတန်းရှည်ကလေးတွင် ရေဒီယိုလေးတစ်လုံးနှင့်အတူ မိန်းကလေးတစ်‌ေယာက်ထိုင်နေလေသည်။ နီညိုရောင်ရေဒီယိုလေးမှလဲ မကြာခဏကြား‌ေနရသည့်သီချင်း‌သံလေးဟာ ယနေ့ညမှပို၍ဆွေးနေသလိုပင်။

"ဟန်ဆောင်နေတာလိမ်ညာခြင်းလေ ပိုင်ဆိုင်ချင်တာ ၀န်ခံပါရစေ မဆုံနိုင်တာဘာကြောင့်လဲမေ...တို့တွေဒီနေရာမှာနောက်ဆုံးလား"

မေ့ရဲ့မမမြိုင်Where stories live. Discover now