Unicode
"အပိုင်း-လေးဆယ့်ခုနှစ်"မျက်၀န်းလှလှတို့၏ထောင့်၌ကျစီးနေသည့်မျက်ရည်စတို့ကိုအသာအယာသုတ်ပေးကာ တောင်းပန်စကားဆိုမိသည်။ ဖြစ်လာမည့်အရာအားလုံးအတွက် တောင်းပန်ထားမည်။
သက်ပြင်းချရင်းနှင့် တောင်းပန်စကားတွေဆိုနေမိသည့် မေ့ကိုမြိုင်ဟာ တားသည်။ တောင်းပန်စရာမလိုတဲ့အရာကို ဘာလို့တောင်းပန်နေတာလဲဟုပင်။
အော် ဒီလိုဆိုတော့လည်းဟုတ်ပေသား။
ကြည်လင်နေသည့် မြိုင့်၏မျက်နှာလေးကိုငေးရင်း မေတစ်ယောက် အတွေးပေါင်းစုံတွေးမိသည်။
'မြိုင်..နန်း...ရီ'
မြိုင်ဆိုလျှင်လည်း ခေါ်လို့ကောင်းသည်။ နန်းဆိုလျှင်လည်း ကောင်းသည်။ ရီဆိုလျှင်လည်းကောင်းနေသေးသည်။
ချစ်ရသူလေးဟာမေ့စိတ်ထဲနာမည်ေလးကအစပြီးပြည့်စုံလှပါသည်။ ထိုအမျိုးသမီးလေးကိုငေးရင်း အမျိုးသမီးလေး၏ လက်ဖဝါးနုနုတို့ကို ဆုတ်ကိုင်ထားကာ ရင်ထဲကစကားအချို့ကို ထုတ်ပြောမိသည်။
"မြိုင်...မြိုင်ကမေ့ရဲ့မိန်းကလေးပဲနော်"
ဟုပြောတော့မြိုင်ဟာ ခေါင်းခါကာရီသည်။ ထို့နောက်မြိုင်ဟာ ပြောသည်။
"ဒါကိုပဲပြောနေတာပဲ ဒီကလေးမကတော့"
ဟုရီမောကာပြောသည့်မြိုင့်၏ဟန်ပန်ဟာ မင်းသမီးတွေတောင်ရှုံးသည်။ ယနေ့ညတွင် အရှက်မသည်းတော့သည့် ချစ်သူလေးဟာ မင်းသမီးတွေတောင်မယှဉ်နိုင်တာမေသိလာပြီဖြစ်သည်။ ထို့နောက် မြိုင့်ကိုငေးကာထပ်ပြောသည်။
"မေ့ရဲ့နှဖူးက စာပိုင်ရှင်ကမြိုင်ဖြစ်လို့ အရမ်းကျေနပ်မိတယ်သိလား။ ဟော့ဒီမြိုင့်ရဲ့လက်ဖဝါးလေးကိုဆုတ်ကိုင်ထားရလို့လည်း မေနိဗ္ဗာန်တောင်မမှန်းနိုင်တော့ဘူး ဒီကောင်မလေးက မြိုင့်အနားနေရရင်ကို နိဗ္ဗာန်ရောက်နေတာမို့လေ"
ဟုထပ်ပြောတော့မြိုင်ဟာ မေ့ကိုကြည့်သည်။ အရှက်မသည်းတော့သည့်ချစ်သူလေးဟာပုလိပ်တို့အလား။ ယခုမြိုင်ဟာမေ့မျက်လုံးထဲကြောင်မလေးလိုပင်ချစ်စရာကောင်းသလို အသည်းယားနေရပြန်ပါသည်။
![](https://img.wattpad.com/cover/262215095-288-k19065.jpg)
YOU ARE READING
မေ့ရဲ့မမမြိုင်
Romance🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...