Part-48

1.4K 120 2
                                    

Unicode
"အပိုင်း-လေးဆယ့်ရှစ်"

ညလေဟာမမြူး။ မြေနီအိမ်လေးထဲရှိမိန်းကလေးနှစ်ယောက်၏ မျက်၀န်းများစိုနေကြသည်။ ရေဒီယိုလေးမှာလဲခါတိုင်းကဲ့သို့ မြူးကြွမနေ။ လှုပ်လီလှုပ်လဲ့ရေနံဆီ‌မီးရောင်လေးအောက်တွင် မိန်းကလေးတစ်ယောက် ဟာ အ‌တွေးနယ်ခ‌ျဲ့နေသည်လား။

မျက်ခွံဖောင်းဖောင်းလေးတွေဟာ ငိုထားမှန်းသိသာစေသည်။ နီရဲနေသည့် မျက်၀န်းတို့နှင့်အတူ ပါးလွှာနေသည့် နှုတ်ခမ်းတို့ကို တင်းတင်းစေ့ကာ အ၀တ်အစားတို့ကိုသိမ်းထုတ်ရင်း သူမ..ချစ်ရသူ အမျိုးသမီးလေးအား ပန်းချီကားတွေလို အမြတ်တနိုးထိုင်ကြည့်နေမိသည်။

ထိုနောက် လွယ်အိပ်လေးထဲမှ ခဲတံတစ်ချောင်းနှင့် မေအမြဲပုံဆွဲနေကြဖြစ်သည့် စာအုပ်လေးကိုထုတ်ကာ ရှေ့က ခက်ခဲစွာအိပ်ပျော်နေပုံရသည့် အမျိုးသမီးလေးပုံကိုဆွဲရန်ပြင်လိုက်သည်။

စာရွက်ဖြူလွှလွှပေါ် တဖြေးဖြေးပုံပေါ်လာသည်မှာ မြိုင့်၏ မျက်လုံးလှလှလေး‌တွင်ပင်ဖြစ်သည်။ မေ့အားစိတ်ပူသည့် မျက်လုံးလေးများ။ မေ့အားချစ်ကြောင်း ပြသတတ်သည့် ထိုမျက်၀န်းကြည်ကြည်လေးများအား ဂရုတစိုက်ဆွဲရင်း နှာတံဆင်းဆင်းလေးထံရောက်သွားသည်။ ထို့နောက် မေနယ်ချဲ့ချင်သည့် နယ်မြေ မြိုင့်၏ ပါးနုနုတို့။ ‌မြိုင့်၏အနီရောင်ရပ်၀န်းလေးတစ်ခု။ ပါးပြင်နုနုလေးမှတဆင့် နှင်းဆီဖူးလေးလို စုစုလေးဖြစ်နေသည့် နှုတ်ခမ်းတို့ထံ။ ထိုနေရာကိုတော့ မေမကြာခဏကျူးကျော်မိသည်။

မြိုင့်၏မျက်နှာအားအကြမ်းချလို့ပြီးသည့်နောက် စာအုပ်ကိုပိတ်ကာ ရေနံဆီမီးအိမ်လေးကိုမှုတ်ကာ မီးငြိမ်းလိုက်သည်။ လမင်း၏အကြည်ဓာတ်တို့ဟာ ပြတင်းပေါက်မှတဆင့် မေ့၏အမျိုးသမီးလေးထံ ဖြာကျနေသည်မှာ ကောင်းချီးပေးနေသည့်အလား။

အမျိုးသမီးလေး၏မျက်ခုံးတို့မှာ မည်သည်ကိုအလိုမကျဖြစ်နေမှန်းမသိ။ တွန့်ချိုးနေကြသည်မို့ အနည်းငယ်ဖြေလျော့ပေးမိသည်။ထို့နောက် လက်သွယ်သွယ်တို့ဟာ မရည်ရွယ်ပါပဲ မြိုင့်၏ဆံနွယ်တို့အား ရစ်တွယ်နေကြသလို မြိုင်မသိအောင် တိတ်တိတ်ကလေး သူမ၏နှာဖူးပြင်လေးထံ အနမ်းခြွေမိသည်။ ထို့နောက် မျက်ရည်ကြည်အချို့ကျဆင်းလာလေသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now