(Part-15)

2.2K 177 4
                                    

Unicode
အပိုင်း-တစ်ဆယ့်ငါး

မြိုင်တို့ကျောင်းပိတ်ရက်ဖြစ်သည်။ မ‌ေန့ညက အရီးအုန်းတင်အိမ်ကိုလာပြီး မနက်ဖြန်လာခဲ့‌ေနာ်ဟု‌ေပြာခဲ့သဖြင့် အနွေးထည်ပါးပါး၀တ်ပြီး အိမ်ကိုသေချာသောခ့်ခတ်ကာ လက်ထဲတွင် ကြိမ်ခြင်းတောင်းကိုကိုင်ပြီး အရီးအုန်းတင်တို့အိမ်ဆီ ထွက်လာလိုက်သည်။ အရီးအုန်းတင်တို့အိမ်ကိုရောက်တော့မနက်ဆယ်နာရီ ထိုးနေပြီဖြစ်ပြီး အရီးတစ်ယောက် ဘုန်းကြီးဆွမ်းလောင်းနေတာနှင့်ကြုံသဖြင့် မြိုင်ပါကူလုပ်ပေးလိုက်သည်။ ဘုန်းကြီးဆွမ်းလောင်းပြီးတော့ အရီးကမြိုင့်ကို စိုက်ခင်းထဲခေါ်သွားသည်။

စိုက်ခင်းသည်အရီးတို့အိမ်နှင့် အနည်းငယ်လှမ်းသဖြင့် တောင်ပေါ်ထိ လမ်းလျောက်သွားတာ နာရီ၀က်လောက်အချိန်ပေးရသည်။ သို့သော် အရီးသည်လုံး၀မမော မြိုင့်ကို တောင်တက်လမ်းတစ်လျောက် စကားတဖွဖွပြောလို့နေသည်။ တောင်ပေါ်ရောက်တော့အရီးတို့၏လက်ဖက်စိုက်ခင်းထဲ မြိုင်တို့၀င်လာခဲ့လိုက်သည်။ လက်ဖက်စိုက်ခင်း၏ ဘေးဘက်မှာ ပြောင်းခင်းကြီးရှိပြီးမျက်စိတစ်ဆုံး မြူအနည်းငယ်နှင့်အခြားသူများ၏စိုက်ခင်းပြင်ကျယ်ကြီးများက မြိုင့်စိတ်ကိုအေးချမ်းစေသည်မှာ အမှန်ပင်ဖြစ်သည်။

လက်ဖက်အနည်းငယ်ကို အရီးနှင့်အတူခူးရင်းစကားကောင်းနေတုံး ရုတ်တရက်‌မြိုင့်ခေါင်းပေါ်ရောက်လာတဲ့ ခမောက်ကိုသတိထားမိသဖြင့် မျက်စိနားထိုးနေသည့် နေရောင်ကြောင့် လက်တဖက်ကိုမျက်စိနားကပ်ပြီး အပေါ်ကလူကိုကြည့်လိုက်တော့  အသားဖြူဖြူ၊ ရှမ်းဘောင်းဘီအပြာရောင်နှင့် အဖြူရောင်စွတ်ကျယ် ၀တ်ထားကာ မြိုင့်ကိုပြုံးပြရင်း ပြောလာသည့် စကားတို့ကြောင့်ထိုသူဟာ အရီးအုန်းတင်၏ ဒုတိယ၊ သားအလတ် စိုင်းဆိုင်မော့ကို တွေ့သဖြင့် ခမောက်ကိုပြန်ပေးကာ နှုတ်ဆက်လိုက်သည်။

"ဆိုင်မော့ ခမောက်ကိုပြန်ယူပါ ခဏ‌နေ ခြံထဲဆင်းရမှာမလား"

"မြိုင် ပူမှာဆိုးလို့ပါ ကျွန်တော်က အပူခံနိုင်ပါတယ်"

"မြိုင်ကဒီတစ်တန်းပြီးရင် တောင်‌ေအာက်ပြန်ဆင်းတော့မှာ ဆိုင်မော့ရဲ့ပြန်ယူပါ"

မေ့ရဲ့မမမြိုင်Where stories live. Discover now