(Part-58)

1.2K 102 0
                                    

Unicode
"အပိုင်း-ငါးဆယ့်ရှစ်"

၁၉၈၈ခုနှစ် ဂျုလိုင်၂၉ရက်

မိုးတပေါက်ပေါက်ဖြင့် ရာသီဉတုဟာအေးချမ်းနေသည်။ မနက်ခင်းလေးနာရီခန့်သာရှိသေးသော်လည်း အိမ်ဖြူဖြူလေးတွင် လူရိပ်များမြင်နေရပြီဖြစ်သည်။

"မိမေရေ စုံပြီလားထည့်စရာရှိဝာာတွေ"

"အေးပြီးပြီ"

ဟုဖြေသံနှင့်အတူ အိမ်ရှေ့ခြံတံခါးသို့ထွက်လာသည့်လူနှစ်ယောက်။ ခြံအပြင်တွင်လည်း ကော်ဖီရောင်ကားလေးမှာ စက်နိုးထားပြီဖြစ်သည်။

"ကဲလာကြ ကိုကြီးကိုအထုတ်တွေပေး"

ဟုဆိုကာထိုကားလေးထဲမှထွက်ပြီး မေတို့အားအထုတ်တွေကူဆွဲပေးနေသည့်ကိုကြီးထွန်းအောင်။ အထုတ်တွေဟုသာဆိုသည် ပစ္စည်းများများစားစားတော့မပါ။ မောင်နိုင်းကတစ်ထုတ် မေကတစ်ထုတ် အ၀တ်စားထုတ်သာပါသည်။ ထိုအထုတ်များကားထဲထည့်လို့ပြီးသည့်နောက် မောင်နိုင်း၏အမေမှထွက်လာကာ မေတို့အားလာနှုတ်ဆက်လေသည်။

"သားနဲ့သမီး အနာတရမဖြစ်အောင်နေနော် တစ်ခုခုသာဆိုခြံထဲပြေး၀င်ခဲ့ အမေတံခါးဖွင့်ပေးထားမယ် ဟုတ်ပြီလား"

ဟုဆိုကာ မိုးရာသီနှင့်အညီ ရွှန်းစိုသည့်မျက်၀န်းတို့ဟာ အားအင်များကို ပေးစွမ်းနေလေသည်။

•••

ကားပြတင်းပေါက်ဖွင့်ထားသည်မို့ လူရှင်းနေသည့် လမ်းမကြီးထပ် တရိပ်ရိပ်ပြေးနေသည့် မေတို့ကားလေးထဲ လေများဟာအတားအဆီးမဲ့စွာ ၀င်ရောက်လာလေသည်။ မိုးရွာသည့်အတွက် မြေသင်းနံ့လေးဟာလဲ အတူကပ်ပါလာလေသည်။ ရာသီဥတုကိုတမြေ့တမြောခံစားနေတုံး ရုတ်တရက်...

"မနက်ဖြန်မဂ်လာဆောင်မှာ အစည်းအဝေးလုပ်ကြတာပေါ့ ပိုစတာတွေကပ်ဖို့အတွက် အကိုတို့ပြင်စရာရှိတာလဲပြင်ရမယ်"

ဟုပြောလာသည့် ကိုကြီးထွန်းအောင်၏စကားသံဟာ ယခုအချိန်တွင်ကြားလို့ကောင်းနေသည်။ ထို့ကြောင့်မေနှင့်မောင်နိုင်းတို့ ပြိုင်တူခေါင်းငြိမ့်လိုက်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now