(Part-35)

1.9K 161 6
                                    

Unicode
"အပိုင်း-သုံးဆယ့်ငါး"

ရာသီဥတုဟာကြည်လင်နေသည်။ ကျောင်း၀န်းထဲရှိ မိန်းကလေးနှစ်ယောက်မှာတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ထမင်းအတူစားနေကြသည့် မြင်ကွင်းဟာ ကျောင်း၀န်းထဲ ပြေးလွှားကစားနေသည့်ကလေးငယ်များ၏ မျက်လုံးထဲတွင် ထူးဆန်းနေသယောင်ရှိနေကြသည်။

"မမမြိုင် ဒါလေးက အရမ်းစားကောင်းတာပဲ များများစားနော်"

ဟုပြောကာ ရှေ့ကမိန်းကလေး၏ချိုင့်ထဲ တို့ဖူးကြော်များထည့်ပေးရင်း တပြုံးပြုံးဖြင့်ပဲပုပ်ကြော်‌ေလးကိုတစ်ကိုက်၊ မုန်ညင်းချဉ်လေးနှင့်အတူ တစ်ချက်မျှစားလိုက်ရုံဖြင့် အနံ့သင်းသင်းလေးမွှေးနေသည့် တို့ဖူး‌ကြော်လေးကိုစားလိုက်ဖြင့် အလွန်သာယာနေသည်။

"မမမြိုင်ခဏနော်"

ထမင်းစားနေရင်း ရုတ်တရက်ထသွားကာသူမအနားရောက်လာသည့် မိန်းကလေးကိုကြည့်ပြီး မြိုင်တစ်ယောက် ထမင်းမစားနိုင်တော့...သူမ၏ခြေထောက်က ဒဏ်ရာဟာပေါ့သေးသေးမထားသင့် ညဘက်အေးသည့်အချိန်ဆိုကိုက်ခဲနေလိမ့်မည်။

"ညီမမေဘာယူမလို့လဲ သွားပြန်ထိုင် အမယူပေးမယ်"

"ရတယ်မမမြိုင်ရဲ့ ထမင်းသာအေးဆေးစားနော် ညီမရေနွေးအိုးထယူတာ"

ဟုပြောပြီး‌ မမမြိုင်၏ဘေးဘက်ရှိရေနွေးကရားလေးနှင့် ခွက်နှစ်ခွက်ကိုယူကာ နေရာသို့ပြန်လာထိုင်လိုက်သည်။ ပြောရမည်ဆိုလျှင် မေတစ်ယောက် လမ်းလျှောက်သည့်အချိန်တွင် အရိပ်တကြည့်ကြည့် လိုက်ကြည့်နေသော မမမြိုင်ဆိုသည့် အမျိုးသမီးလေးဟာ အတော်ကိုစိုးရိမ်တတ်သူဖြစ်ကြောင်းသတိထားမိလာသည်။

"‌မမမြိုင် ဒီမှာအကြမ်းရေ"

"အင်းကျေးဇူးနော်..ဒါနဲ့စားတာတကယ်စားလို့ကောင်းရဲ့လား အသားလဲမပါတော့ညီမမေခံတွင်းတွေ့ရဲ့လား"

"အာတွေ့တာပေါ့မမမြိုင်ရဲ့...စုတစ်ယောက်လုံးချက်ပေးထားတာ အသားမပါလဲ‌အဆင်ပြေတယ် ကုန်ကုန်ပြောရရင်မမမြိုင်က ဟောဟိုစိုက်ခင်းထဲကလက်ဖက်ခါးခါးတွေယူလာရင်တောင် သဘောခွေ့လွန်းလို့"

မေ့ရဲ့မမမြိုင်Where stories live. Discover now