(Part-30)

2.2K 166 20
                                    

Unicode
“အပိုင်း-သုံးဆယ်

အချိန်တစ်ခုကြာအောင် မမမြိုင်၏စကားသံကို မေစောင့်နေခဲ့သော်လည်း မမမြိုင်ဘက်မှဘာမှမပြောလာသဖြင့် မေ့ဘက်ကပဲမေးလိုက်ရတော့သည်။

"မမမြိုင် ဘာပြောချင်လို့လဲ"

မေ့ဘက်က စကားသံထွက်လာမှ ငြိမ်သက်နေသည့် မမမြိုင်ဟာ သတိ၀င်လာသည့်ပုံပင်။

"အမ...အမအဲ့မိန်းကလေးကိုအရမ်းသဘောကျတယ်"

"အိုး...ဒါဆိုသူကကံကောင်းတာပဲနော်...သူကဘယ်သူလဲဟင်"

မေတစ်ယောက် မမမြိုင်ဆီက ထွက်လာသည့်စကားကိုကြားပြီး ရင်ခုန်မိသလို မမမြိုင်သဘောကျနေသည်ဆိုသည့် မိန်းကလေးကို အားကျသလို တဖက်မှာလည်း ၀မ်းနည်းသွားရသည်။

"သူက..သူက..အို တော်ပါပြီကွယ်"

ဟုပြောကာ အိမ်ထဲ၀င်ပြေးမည်လုပ်သည့် မမမြိုင်လက်ကိုဆွဲပြီး ‌ေမြာက်ဘက်ကနေတိုက်ခတ်လာသည့် လေနုအေးနှင့်အတူ မေတစ်ယောက်မမမြိုင်၏ကျောပြင်နောက်မှခပ်တင်းတင်းထွေးပိုက်ကာ ချစ်စကားတို့အား ဖွင့်‌ဟပြောမိလေသည်။

"မေကမြိုင့်ကိုချစ်နေမိတာ မြိုင်သိရဲ့လား"

ဟုမေးခွန်းနှင့်အတူ ရှေ့ကအမျိုးသမီး‌ေလးအားဖတ်ထားရသည့်ခံစားချက်တို့မှာရင်ခုန်စရာကောင်းပြီး ပတ်၀န်းကျင်က အအေးဓာတ်တို့ကြောင့် မေ့၏လက်တို့မှာ တုန်ရီလာမိသည်။

"မေသဘောကျတဲ့ မိန်းကလေးဟာ မြိုင်တစ်ယောက်ထဲပါပဲ။ အသက်‌ေတွကြီးတဲ့အထိအတူရှိနေချင်တဲ့ ချစ်ရသူဟာမြိုင်ပါပဲ။ တစ်ခဏလေးမှ မခွဲခွာချင်အောင် မေ့ကိုပြုစားနိုင်သူဟာလည်း မြိုင်ပါပဲ။ ဘယ်လောက်ချစ်နေကြောင်းသ‌ဘောကျနေကြောင်း တန်ဖိုးထားမိကြောင်းကိုစကားတွေမဖွဲ့ပြနိုင်တော့တဲ့အထိ မေမြတ်နိုးမိတဲ့သူဟာ ဒီကမမမြိုင်ပါပဲ"

‌လေနု‌ေလးတို့မှာ ပတ်၀န်းကျင်တစ်ခုလုံးကိုအေးခဲစေနိုင်သည်။ လပြည့်နေ့မဟုတ်သော်လည်း ကောင်းကင်တခွင် တိမ်အချို့နှင့်အတူ ထိန်ထိန်လင်း‌နေသည့်လမင်းကြီးဟာချယ်ရီပင်အောက်က မိန်းကလေးနှစ်ယောက်ကို မီးအိမ်သဖွယ် အလင်းဓာတ်‌ေတွဖြန့်ကျန့်ပေးနေပါ၏။ ထိုအချိန်‌တွင် အိမ်ငယ်လေးထဲရှိ ရေဒီယိုမှာထွက်လာသည့် သီချင်းသံသဲ့သဲ့လေးမှာ အချစ်တို့ကိုတိုးပွားအောင် လုပ်ပေးနေသည့်မှော်ဂါထာအလား။

မေ့ရဲ့မမမြိုင်Where stories live. Discover now