(Extra-1)

2.5K 114 6
                                    

Unicode
[အချပ်ပို-တစ်]

၁၉၈၈ ဩဂုတ်လ၁၆ရက‌်နေ့

မောင်နိုင်းတို့ အင်းယားလမ်းအနား ဆန္ဒပြနေတုံး သပိတ်ဖြိုခွဲခံရသဖြင့် တွေ့ရာအိမ်ထဲအလျှင်အမြန်၀င်ပြေးရလေသည်။ ကံကောင်းသည်လား ကံဆိုးသည်လား မပြောတတ်။ သူ၀င်ပုန်းသည့်ခြံဟာ မေ့၏ခြံ၀န်းပင်ဖြစ်သည်။

ထိုခြံထဲ၌ မေ့ကိုမြေမြုပ်ထားသည်။ သူမသဘောကျသည့် ထိုစိန်ပန်းပင်တွေအားကြည့်ရှုနိုင်ရန် မောင်နိုင်းတို့ သူမ၏ခြံထဲတွင်သာ မြေမြုပ်ခဲ့ကြသည်ပင်။ ယခုဆိုလျှင်ရက်လည်ပင်ရှိနေလေပြီ။ ၀င်ထွက်ခဲ့ဖူးတာ မကြာသေးသော ထိုအိမ်ကြီးကိုမြင်တော့ သူမများထွက်လာအုံးမလားဟု မဝင့်မရဲဖြင့်လိုက်ကြည့်မိသည်။ ထို့နောက်ခြံပြင်သို့ပြန်ထွက်ကာ အခြေနေတွေကြည့်တုံး စာတိုက်ပုံး‌အသေးလေးထဲတွင် ညှပ်ထားသည့်စာ‌အိတ်ကို တွေ့လိုက်သည်မို့ မောင်နိုင်း ထုတ်ကြည့်လိုက်လေသည်။

စာကို သေချာဖတ်ကြည့်ပြီးသည့်နောက်မောင်နိုင်းတစ်ယောက် သပ်ပြင်းတွင်တွင်ချနေမိလေသည်။ ထိုစာဟာရှမ်းပြည်ကပို့လိုက်သော အမရီ၏စာသာဖြစ်သည်။ အမရီကစာထဲတွင် မေ့အားဂရုတစိုက်နေရန်မှာထားကြောင်းတွေမြင်ပြီး စိတ်မကောင်းဖြစ်ရသည်။ ထို့အပြင်သူမအိမ်မက်မကောင်းကြောင်းတွေ ရေးထားသည်ကိုကြည့်ပြီး မောင်နိုင်းအလွန်သနားမိလေသည်။ သူမသာယခုအဖြစ်အပျက်တွေကိုသိသွားလျှင် မည်သို့ဖြစ်မည်နည်း။ ထို့ကြောင့်

'ဒီပွဲပြီးရင် မြန်မြန်ပြန်မှပါပဲ'

ဟုနှိုင်းတွေးကာ မေ့၏ခြံတံခါးသေချာပြန်ပိတ်ရင်း‌နိုင်းတစ်ယောက်စိန်ပန်းနီတို့ရှိရာလမ်းမကြီးအားကျောခိုင်း၍ထွက်လာခဲ့လေသည်။

•••

နို၀င်ဘာလ၃ရက်နေ့

မောင်နိုင်းတစ်ယောက် 'ဂတ်ဂတ်ဂတ်'တုန်အောင်အထိ ရှမ်းပြည်ကဘူတာရုံတွင် ငုတ်တု‌တ်လေး မရည်ရွယ်ပဲ တစ်စုံတစ်ယောက်အား ထိုင်စောင့်နေလေသည်။အနွေးထည်နှစ်ထပ်သုံးထပ်၀တ်ထား၍ အရင်ကလာဖူးသော်လည်း ယခုဟာ ဆောင်း၀င်စအချိန်ဖြစ်နေ၍ အတော်ကိုအေးနေသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now