(Part-32)

1.9K 155 10
                                    

Unicode
“အပိုင်း-သုံးဆယ့်တစ်

မေတစ်ယောက် အသံလာရာဘက်ကို ထွက်ကြည့်လိုက်တော့ ပန်းစည်းကိုင်ထားကာ ခြံရှေ့တွင် မက်တပ်ရပ်စောင့်နေသည့် ကိုဆိုင်မော့ကိုတွေ့သည်မို့ နှလုံးသားရပ်၀န်း‌တွင်မသာယာနိုင်တော့ပါ။

"အို ဆိုင်မော့အစာကြီး ဘာလာလုပ်တာလဲ"

ဟုဆိုကာ မေ့ဘေးကနေဖြတ်သွားပြီး ကိုဆိုင်မော့ဆီသွားနေသည့် မမမြိုင်ကိုကြည့်ကာစိတ်အခြေနေမှာ ပိုဆိုးလာတော့သည်။ ထို့ကြောင့်

"အဲ့ပန်းတွေကဘာလုပ်ဖို့လဲ"

ဟုမေးကာ မမမြိုင်လက်ထဲ မရောက်ခင် ဆွဲလုလိုက်သည်။

"ပန်း‌ေလးတွေကလှသားပဲနော် ကိုဆိုင်မော့သေချာရွေး‌ပြီး ခူးလာတာနေမယ်"

ပြောပြီး လက်ထဲက ပန်းစည်းအောက်ခြေကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားမိသည်။

"ဒါကမြိုင့်အတွက် ကျနော်သေချာခူးလာတာ  မြိုင်ပန်းပန်ရင်ပန် မပန်ရင်ဘုရားကပ်ပေါ့နော့် ပြီးတော့..ကျနော်မေးထားတဲ့အဖြေလေးသိခွင့်ရမလား"

အခြေနေအချိန်ခါမကြည့်ပဲကိုယ့်အမျိုးသမီး‌ေလးဆီက အဖြေတောင်းနေသည့် ထိုလူကိုကြည့်ပြီး အလွန်စိတ်တိုလာသဖြင့် အိမ်ထဲကိုအမြန်၀င်ပြီး ပန်းစည်းကိုထိုင်ခုံပေါ်တင်ထားလိုက်ကာ လွယ်အိပ်ဆွဲပြီးအပြင်သို့ပြန်ထွက်လာပြီး စက်ဘီးကိုအသင့်ပြင်ရင်း‌ မမမြိုင်ပြောမည့်စကားကို ‌ေစာင့်ကာ  အနည်းငယ်နှုတ်ခမ်းဆူထားမိသည်။

မမမြိုင်ကဘာလို့အဲ့ပန်းတွေကိုယူသလဲ...ဟုတွေးကာရပ်နေတုံး

"ဆိုင်မော့ အပင်ပန်းခံမနေပါနဲ့တော့"

ဟုသာပြောပြ‌ီး မေ့လက်ကိုဆွဲကာ ထွက်လာသည့် အမျိုးသမီးလေးကြောင့် ရင်ထဲကအပူမီးဟာ အလိုလိုငြိမ်းသက်သွားရတော့သည်။ မေသည်ဘေးက အမျိုးသမီးလေးကို မခွဲချင်သလို သူစိမ်းတွေနဲ့အတူမရှိနေစေချင်ပါ။

အထူးသဖြင့် ကိုဆိုင်မော့နှင့်သာဆိုလျှင် ပိုလို့တောင် တားမြစ်ချင်သေးသည်။ မေ့ဘေးကအမျိုးသမီးလေးကို မေတစ်ယောက်က သာ ချစ်ပေးချင်ပြီး မေတစ်ယောက်ထဲကသာ တတ်နိုင်သလောက်ဖြည့်စည်းပေးချင်မိသည်။ ဘာတွေပဲဖြစ်နေပါ‌‌ေစမည်သူမဆို ကိုယ့်ချစ်သူလေးအပေါ်အနည်းဆုံးတော့သ၀န်တိုမိတတ်ကြသည်ပင်။

မေ့ရဲ့မမမြိုင်Where stories live. Discover now