(Part-55)

1.2K 100 4
                                    

Unicode
"အပိုင်း-ငါးဆယ့်ငါး"

ကိုကြီးထွန်းအောင်အားမေတို့နှုတ်က်ပြီးသည့်နောက်တွင် အထုတ်အပိုးမျအားအိမ်ထဲသည်သွားကြသည်။ မောင်နိုင်း၏ခြံဟာမေတို့ငယ်ငယ်ကအတိုင်းပင်။ ပန်းပင်တို့ဟာလှပစွာဖူးပွင့်နေဆဲ သရက်ပင်ကြီးများ ပိတောက်ပင်ကြီးများဟာအရိပ်တို့ပေးနေဆဲပင်ဖြစ်သည်။ ဆက်တီအောက်ရှိဧည့်ခန်းထဲတွင် အမျိုးသမီးတစ်ယောက်ထိုင်နေသည်။ ထိုသူဟာတခြားတော့မဟုတ် စာကလေးမောင်နိုင်း၏အမေပင်။

ခြေသံများကြားလို့ထင်။ မေတို့ဘက်ကိုလှမ်းကြည့်ပြီး မျက်၀န်းတို့ဟာအံ့ဩစွာဖြင့် ပွင့်လန်းလာကြသည်။ ထို့နောက် အန်တီယိမ်းဟာ မေတို့အားထွက်ကြိုသည်။ မေတို့မိဘတွေနှင့်သာအဆင်မပြေသော်လည်း မေတို့အချင်းချင်းတော့အဆင်ပြေကြသည်။

"သားလေးနိုင်း..သမီးမေ အထူးအဆန်းအတူတူပါလား ပြီးတော့အထုတ်အပိုးတွေနဲ့ လာလာအိမ်ထဲ၀င်ကြ"

ဟုပြောကာ အိမ်ထဲခေါ်သည့် အန်တီယိမ်းဟာ ယခင်ကလိုသဘောကောင်းဆဲပင်။

"အမေကျနော်တို့ဒီမှာ နှစ်ရက်လောက်နေမယ်"

"နှစ်ရက်ထဲလားသားငယ်"

ဟုမေးလာသည့်အန်တီယိမ်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်‌မိသည်။ အဘယ်ကြောင့်ဆိုသော် မောင်နိုင်းသည် တစ်ဦးတည်းသောသားဖြစ်သည့်တိုင် အိမ်မှာတစ်ခါမျှမကပ်။ အမြဲလိုလိုအလုပ်များသလို မိဘတွေနှင့်လည်းအချိန်မဖြုံး။ ထို့အတူသူ၏အဖေဟာလည်း မဆလဘက်မှ လူကြီးဖြစ်နေသည်မို့ အဖေနှင့်လည်းအဆင်မပြေ။အရာရာဟာ ကောင်းသည်မရှိ။

ပြန်မဖြေသည့်မောင်နိုင်းဟာ ဆိတ်ဆိတ်နေခြင်းဖြင့်၀န်ခံလိုက်သည်။

"ဟုတ်ပြီလေ အေးဆေးနေကြ အမေထမင်းချက်ထားမယ် သမီးမေလည်း အေးဆေးနေနော် ကိုယ့်အိမ်လို့သာသဘောထား"

•••

သည်လိုနှင့်မေတို့အပေါ်တက်လာကြသည်။ မေ့အားအခန်းပြပြီးနောက် သူ၏အခန်းထဲ၀င်သွားသည့်မောင်နိုင်းအားကြည့်ပြီးအခန်းထဲ၀င်လိုက်သည်။ ထို့နောက်အ၀တ်အိတ်အားနေရာချကာ ရေချိုးပြီး ခဏလှဲလိုက်ရင်းအိပ်ပျော်သွားသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now