(Part-12)

2.4K 176 2
                                    

Unicode
အပိုင်း-ဆယ့်နှစ်

လမင်းကြီးကို‌ ကြည့်နေတာ ရပ်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ စီးနှောင်ထားသည့် မဲမဲမှောင်မှောင် ဆံနွယ်ရှည်တွေကို ဖြည်ချလိုက်သည်။ မှန်မှာထင်ဟပ်နေသည့် ကိုယ့်ပုံရိပ်ကိုကြည့်ပြီး မမမြိုင် မမမြိုင်ဟုခေါ်ရင်း နောက်ကနေ တစ်ကောက်ကောက်လိုက်နေတတ်သည့် မိန်းကလေးငယ်ကိုသတိရသလို ဖြစ်လာသည်မို့ အတူစကားထိုင်ပြောနေကြ ခြံ၀န်းရှေ့ရှိ ချယ်ရီပင်အောက်က‌ ခုံတန်းလေးဆီ သွားထိုင်ကာ မေ့အကြောင်းကို တွေးနေမိသည်။

အခုချိန်မေတို့ ရန်ကုန်မှာ ဘာတွေများဖြစ်နေမလဲ။ မေရောကောင်းကောင်းပြန်ရောက်ပါ့မလား။ လမ်းမှာအန္တရယ်တွေများ ကြုံနေပြီလားဆိုသည့် အတွေးများက လူ့စိတ်ကိုအတော် ဒုက္ခရောက်စေလှသည်။

သို့သော်...ထိုအတွေးများကိုမရပ်နိုင် မေထွက်သွားတည်းကစိတ်ထဲမှာ ဟာတာတာနှင့် အိမ်ငယ်လေးမှာလဲ နွေးထွေးမှုအချို့ပျောက်ကွယ်သွားသလိုခံစားနေရသည်မို့လို့ပင်ဖြစ်သည်။ မေ့ကိုဘူတာဆီ လိုက်ပို့တုန်းကလဲမြိုင့်မှာမပျော်နိုင်ပါ တစ်ယောက်ထဲနေလာပြီးမှ အဖော်လေးတစ်ယောက် ရလာတော့ စိတ်မှာတွယ်တာမိပြီဖြစ်သည်။ မြိုင့်ကိုတော့မေဟာပြန်လာခဲ့မည်ဟု ပြောခဲ့တာကိုမြိုင်မှတ်မိသည်။

သို့သော်...လွမ်းတာကတော့ လွမ်းတာပင်ဖြစ်သည်။

"ညီမမေ အဆင်ပြေပါစေ..."

"...ဆရာမလေး"

နောက်ကနေ ရုတ်တရပ် အခေါ်ခံလိုက်ရသည်မို့ ပြန်မဖြေသေးပဲ လှည့်ကြည့်လိုက်တော့ ရွာထဲကအရီးအုန်းတင် ဖြစ်နေသည်မို့ လူကြီးကို ကူတွဲပေးရင်း အိမ်ထဲပြန်၀င်လာခဲ့သည်။ အခန်းထဲရှိ မီးဖိုလေးနံဘေးနား ကွပ်ပစ်လေးပေါ်မှာ ထိုင်ခိုင်းလိုက်ရင်းရေနွေးကြမ်းငှဲ့ပေးကာ မေးလိုက်သည်။

"အရီး ညဘက်ကြီး ဘာများဖြစ်လို့ပါလဲရှင်"

"အော် ထွေထွေထူးထူး မဟုတ်ပါဘူးကွယ် ဆရာမလေးနဲ့ ထွေရာလေးပါးစကားလေးပြောချင်လို့ပါ"

"ဟုတ်ကဲ့ရှင့်"

"ဒီလို အရီးမှာသားတွေကြီးပဲရှိတော့ သမီးမိန်းက‌လေးကို မတ်မောတယ်ကွဲ့။  အသက်ကြီးလာတော့လဲ ဘေးနားမှာစကားစမြည်ပြောပေးမဲ့ သမီးလေးတစ်ယောက်တော့ လိုချင်မိသားကွယ်"

မေ့ရဲ့မမမြိုင်Where stories live. Discover now