(Part-21)

2.3K 155 8
                                    

Unicode
အပိုင်း-နှစ်ဆယ့်တစ်”

မေတစ်ယောက် မမမြိုင်နှင့်အတူအိမ်ထဲ၀င်သွားကာ အရင်ကမေနေခဲ့သည့်အခန်းထဲ အထုတ်ပိုး‌ေတွနေရာပြန်ချပြီး ခဏထိုင်နေလိုက်သည်။ အထုတ်ပိုးဖြည်တာအချိန်အရမ်းမယူလိုက်ရ မမမြိုင်ကမေ့အတွက် ကြိုတင်နေရာလုပ်ပေးထားသည်မို့ ကြည့်ရတာ စာကမေမှန်းထားသလို မေတို့မရောက်ခင် နှစ်ရက်အလိုမှာ ကွက်တိရောက်သွားသည်ပြောရမည်။

"ညီမမေ ရန်ကုန်သွားတုံးက အဆင်ပြေတယ်မလား"

"ပြေတာပေါ့ မမမြိုင် ဒါပင်မဲ့ တစ်ခုတော့ရှိတယ်...ညီမ‌ကအမကိုသတိရနေမိတာ ဒီမှာနေသွားတာတစ်လပဲဆိုပင်မဲ့ သံယောဇဉ်ဆိုတာပြောရဘူး‌မမမြိုင်ရဲ့"

မေတစ်ယောက် ဘေးမှာထိုင်နေသည့် မမမြိုင်ကိုကြည့်ပြီး စကားတဖွဖွပြောနေတုံး မေ့စကားအဆုံးနီရဲတက်လာသည့် မမမြိုင်၏ပါးမို့မို့ကိုကြည့်ပြီး အသည်းယားစွာနှင့် ကြိတ်ရီမိသည်။

"အို..အမလဲညီမကိုသတိရနေတာ တကယ်ကိုသံယောဇဉ်အတွယ်မြန်သား"

မြိုင်တစ်ယောက်မျက်နှာပူပူနှင့်ပဲ ပါးစပ်ထဲရှိတာဖြေမိသည်။ ဒါလေးပြောတာကိုဘယ်လိုဖြစ်လို့ မျက်နှာပူလာရသလဲဟုလည်း ကိုယ့်ကိုကိုယ် တိတ်တဆိတ်အပြစ်တင်မိသည်။ အငယ်ရှေ့တွင်ရှက်စရာဟုတွေးနေတုံး

"ဟုတ်ပ...ဒါနဲ့ ကိုဆိုင်မော့နဲ့ကဘယ်လို..."

လဲဟုမေစကားစလိုက်သည်။ မေဒီကိစ္စကိုမေးကြည့်ရမည်...ကိုဆိုင်မော့ကိုမမမြိုင်ဘယ်လိုသဘောထားလဲဆိုတာကို သေချာသိမှဖြစ်မည်။ ဒီလိုမှ...နောက်တစ်ဆင့်တက်ရန်လုပ်ရမှာဖြစ်သည်။

"အို..ကိုဆိုင်မော့နဲ့က ဒီအတိုင်းမောင်နှမလိုပါပဲ အမက..စိတ်ရှင်းပြီးသား ငြင်းလဲငြင်းပြီးသားမို့ ညီမမေ ကြားကအောင်မသွယ်ပါနဲ့နော်"

‌မမမြိုင်၏‌‌ေနာက်ဆံုးအဖြေကို မေတော်တော်သဘောခွေ့လှသည်။

စိတ်ချပါမမြိုင်ရယ်..ဒီလူသားက အောင်သွယ်လုပ်ပေးစရာလား မမမြိုင်ကထိုလူကိုမကြိုက်ဘူး ငြင်းလဲငြင်းထားတယ်ဆိုရင်နောက်တစ်ဆင့်တက်ဖို့အဆင်ပြေပြီဟု တွေးနေတုံး သတိရမိတာတစ်ခုပဲ ရှိတော့သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now