(Part-56)

1.2K 106 0
                                    

Unicode
"အပိုင်း-ငါးဆယ့်ခြောက်"

မေတို့အန်တီယိမ်းနှင့်အတူ ထမင်းစားပြီးနောက် စကားခဏပြောကာ ခြံထဲလမ်းဆင်းလျှောက်နေကြသည်။ အချိန်အားဖြင့်တော့ ခြောက်နာရီခန့်။ ငှက်ကလေးများအိပ်တန်းတက်ရန်ပြင်နေကြသည်လား။ ရှမ်းပြည်တွင် မြိုင်ရောထမင်းစားနေပြီလား။ သို့မဟုတ် ဘုရားရှိခိုးနေလေပြီလား။ လည်ပင်းမှာမြိုင့်၏ပုဝါလေးအားစည်းထားမိသလို အမှုမဲ့အမှတ်မဲ့ တစ်ခါတစ်ခါလှမ်းထိနေမိသည်။ ပုဝါလေးမှ မြိုင့်၏အငွေ့အသက်လေးအားရသည်။ ခွဲလာတာတစ်ပတ်မပြည့်သေး မြိုင့်အားလွမ်းနေမိသည်။

ခြံထဲပတ်လို့၀သွားသည့်နောက် မေနှင့်မောင်နိုင်းတို့ အနီးအနားကခုံတန်းလေးထံ၀င်ထိုင်ပြီး အကြောင်းပြချက်ရေရေရာရာမရှိ မဲပြာရောင်ကောင်းကင်ကြီးအားကြည့်နေကြသည်။ မောင်နိုင်းသည်လည်း တစ်စုံတစ်ယောက်အား သတိရနေသည့်ပုံပါပင်။

"မောင်နိုင်း နင်နဲ့ကိုဆိုင်မော့ကဘာတွေလဲ"

ဟုမေးတော့နှိုင်းဟာခေါင်းခါပြသည်။

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းပါပဲ သူ့စိတ်လေးသဘောကျလို့ အဲ့လူကိုငါ သဘောကျလို့ပါ"

ဟုပြောပြီးချက်ချင်းပင်

"မဟုတ်ဘူး ငါမှားတာ သဘောမကျပါဘူး ရိုးရိုးသားသား သ‌ဘာ၀ကိုငါမလွန်ဆန်နိုင်ပါဘူး"

"ဟုတ်ပါပြီ နင်နဲ့ကိုဆိုင်မော့ဘယ်လိုလုပ်ဒီလိုဖြစ်ကုန်တာလဲ ရောက်တာမှတပတ်ပဲရှိအုံးမယ်"

ဟုပြောတော့ နှိုင်းဟာ ကောင်းကင်ကြီးအားတဆုံးကြည့်ကာပြုံးသည်။ ထို့နောက်သပ်ပြင်းမောချသည်။ ဝဲဘက်ရင်အုံအား လက်ဖဝါးဖြင့် ဖိထားသည်။

"ငါလဲမသိပါဘူး ဒီလူကရန်ကုန်ကလူတွေနဲ့မတူပဲရိုးသားလို့နေမှာပေါ့ ငါအပေါင်းအသင်းကောင်းရသွားတာပဲလေ ကျေနပ်တယ်"

အပြုံးတို့ဟာခြောက်ကပ်လှသည်။ သို့သော်

'ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး... စီးဆင်းတဲ့စိမ့်စမ်းရေ ကျေးငှက်တို့တီးတိုးသံ...ချိုစွာကြားရင် မင်းစကားသံ... စွဲမြဲစွာကျန်ရစ် ကြားလို့နေ...ချစ်သူသိစေ'

မေ့ရဲ့မမမြိုင်Where stories live. Discover now