(Part-65)

1.9K 110 4
                                    

Unicode
"အပိုင်း-ခြောက့်ဆယ့်ငါး"

ဩဂုတ်လ၇ရက်နေ့

မနက်ခင်းတွင်လူအများ ထကြွလှုပ်ရှားနေကြသည်။ သပိတ်ခေါင်းဆောင်များက လုပ်စရာရှိသည်များကိုလုပ်နေကြသည်။ ယနေ့တွင်တော့သပိတ်မရှိ။ မနက်ဖြန်အတွက်အားခဲရင်း အထိနာခြင်းမရှိရလေအောင် ပြင်ဆင်နေကြသည်မို့ မေတို့လဲ ပြင်ဆင်စရာရှိတာ‌ပြင်နေကြသည်။ ဆေးအဖွဲ့သို့သွားကာ ဆေးပစ္စည်းများလိုက်ဖြည့်ပေးသည်။ ပိုစတာတွေကပ်ရန် ပြင်နေသည့်အဖွဲ့အားကူ၍လိုသည့်စာတွေ အချောဆွဲပေးသည်။ ထို့နောက်ဘာလိုလိုနှင့် သပိတ်အတွက်ပြင်စရာရှိတာပြင်ပြီးနောက် မေတို့ခဏနားနေကြသည်။

"မိမေ နင်အလေးတွေလိုက်လိုက်မ‌မနေနဲ့ မနက်ဖြန်ကျရင်ပိုပင်ပန်းမှာကို"

ဟုအစချီကာ မေ့နားထိုင်ရင်း ဗြစ်တောက်ဗြစ်တောက်ဖြင့်ပြောလာသည့် စာက‌ေလးနှိုင်း၏ ထိုစကားများအား နေ့တိုင်းလိုလိုကြားနေရသည့်အတွက် ရူးသွားတော့မလိုခံစားနေရသည်။

"နင်အသက်ကြီးလာရင်လေ တော်တော်နားငြီးမှာပဲ မြေးတွေသာရကြည့် ဒီအဘိုးကြီးအရမ်းနားငြီးတာပဲဆိုပြီး နင်ကိုပြောကြမှာ"

ဟုပြောတော့စာကလေးက ရီလေသည်။

"ဘယ့်နှယ် ငါလားမိန်းမယူမှာ ဝေးသေးဝေးသေး"

ဟုပြောနေတုံး ဆက်ခနဲမေ့အနား၀င်ထိုင်လာသည့် အဝါ့ကြောင့် မေရောနှိုင်းရော ကြောင်သွားမိသည်။ ထို့နောက် အဝါကမေတို့အားကြည့်ကာပြောလာသည်။

"သီချင်းနားထောင်ကြမလား"

"အလို×၂"

ဟုမေရောနှိုင်းရောတပြိုင်တည်းတမိသည်။ ဟုတ်ပေသည်လေ။ သီချင်းနားထောင်တာလဲကောင်းသည့်အရာပင်မို့မဆိုင်းမတွပဲ

"စိုးလွင်လွင်ရှိလား"

ဟုမေမေးလိုက်တော့ အဝါကခေါင်းငြိမ့်ပြကာကပ်ဆက်နား ရွေ့သွားလေသည်။

"ချစ်လူမိုက်လေးဖွင့်လိုက်ပါလား ဒီအချိန်လေးနည်းနည်းမြူးသွားတာပေါ့"

ဟုမေ့အပြောပြီးသည့်နောက် အဝါမ‌ှခေါင်းငြိမ့်ပြကာ အဝါရောင်အခွေလေးကို ကပ်ဆက်ထဲထည့်လိုက်လေသည်။ ထို့နောက်ခပ်မြူးမြူးတီးလုံးနှင့်အတူ

မေ့ရဲ့မမမြိုင်Where stories live. Discover now