Unicode
"အပိုင်း-နှစ်ဆယ့်ခုနစ်"မေတစ်ယောက် မမမြိုင်ကိုဖတ်ထားရသည့်ခံစားချက်လေးကို လက်မလွှတ်နိုင်သော်လဲ ကျောင်းခေါင်းလောင်းထိုးနေပြီဖြစ်ပြီး ကလေးတွေအရှေ့မှာ မမမြိုင် သိက္ခာကျမည်ကိုမလိုလား ထို့ကြောင့် ခဏသာဖတ်ပြီး မမမြိုင်ကိုနှုတ်ဆက်ကာ အလာလမ်းအတိုင်းပဲ ပြန်လာခဲ့လိုက်သည်။
ရုံးကခြံ၀င်းထဲရောက်တော့ စက်ဘီးကိုေနရိပ်ထဲသေချာရပ်ကာ သော့ခတ်ပြီးရုံးထဲပြန်၀င်သွားလိုက်သည်။ ရုံးထဲပြန်ရောက်တော့ ကိုယ်စီကိုယ်စီအလုပ်ပြန်လုပ်နေကြသည့်အမဆိုင်ဟိန်းနှင့်ကိုဆာစမ်ကိုတွေ့သဖြင့်အမဆိုင်ဟိန်းကိုနှုတ်ဆက်ပြီး ကိုဆာစမ့်ကိုစက်ဘီးသော့ပြန်ပေးရင်း ကျေးဇူးတင်စကားပြောလိုက်သည်။
"စက်ဘီးအတွက် ကျေးဇူးပါနော်"
"ဟုတ်ကဲ့ရပါတယ် ထပ်ဌားချင်တယ်ဆိုရင်လဲပြောနော်"
"ဟုတ်ကဲ့ကျေးဇူးပါ"
ဟုပြောကာ ကိုယ့်နေရာကိုယ်ထိုင်ရင်းတံဆိပ်တုံးဖြင့် ဖိထားသည့်စာရွက်များကိုသေချာပြန်ရှင်းရင် နောက်တစ်ခါ လက်နှိပ်စက်ရိုက်သံပြင်းပြင်းနှင့်အတူ စာရွက်ပုံကြားနစ်မြောရပြန်ပါသည်။
ညနေလေးနာရီခွဲ...
ပြတင်းပေါက်ကနေ တချက်ချက်တိုက်လာသည့် လေနုအေးမှာ ညနေရောက်လာပြီဖြစ်သည့်အတွက် အအေးဓာတ်လေးအချို့ပါကပ်လိုက်လာပြီဖြစ်သည်။ မေ့စားပွဲပေါ်မှာတော့ ဖိုင်တွဲထားပြီဖြစ်သည့်ဖိုင်ပေါင်း၃၀ကျော်ခန့်ရှိနေပြီဖြစ်ပြီး မေလုပ်နေသည့်ယခုဖိုင်မှာ နောက်ဆုံးတစ်ခုပင်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ဖိုင်အတွင်းရှိစာအများစုမှာ လျှပ်စစ်စီမံကိန်တွေနှင့်ဓာတ်ကြိုးသွယ်ဖို့ကိစ္စများနှင့်အတူ ပင်မလျှပ်စစ်ရုံဆောက်ဖို့မြေပေးထားရန်အဆိုပပြုထားသည့့် စာရွက်များမဟုတ်သည့်အလင်းေရာင်များပင်ဖြစ်သည်။
"ညီမ ဒါတွေပြီးပြီမလား"
ဟုဆိုကာ မေ့့ဖိုင်တွေကို လှန်လောကြည့်နေသည့် အမဆိုင်ဟိန်းကိုကြည့်ပြီး အနည်းငယ်ရှိန်ရပြန်ပါသည်။
YOU ARE READING
မေ့ရဲ့မမမြိုင်
Romance🌼-GL FICTION-🌼 "မေ့အတွက်တော့မြိုင်ဟာ အိမ်ကလေး မြိုင့်အတွက်တော့ မေဟာပိတောက်ပန်းကလေးတဲ့" အိမ်လေးလိုနွေးထွေးတယ်။ ပိတောက်တွေလိုသစ္စာရှိတယ်။ ချစ်ခြင်းတရားတွေဟာ လှပလေတယ်။ ဒီလိုနဲ့ မမမြိုင်ရင်ထဲ ကြိုးနီလေးဟာ မြဲမြံစွာ ချည်လေတော့ ကျန်ရစ်သူေလးဟာ ပူဆွေးရ...