(Part-7)

2.6K 186 2
                                    

Unicode
“အပိုင်း-ခုနှစ်”

မေအိမ်ရှေ့သို့ ပြန်ရောက်ပြီမို့ စက်ဘီးကို‌ ၀ရန်တာဘက်သို့ တွန်းသွားရင်း ရပ်ထားလိုက်သည်။ အပြင်သွားရာကနေမောလာသည်မို့ အိမ်ရှေ့‌ေရအိုးစင်က ရေ‌နည်းနည်း ခပ်သောက်လိုက်သည်။

"အမလေး အခုမှပဲ အမောပြေတော့တယ်"

ရေသောက်ပြီးတာနဲ့ အပေါ်ထပ် မေ့အခန်းထဲသို့တက်လာလိုက်သည်။ တက်လာတုံးက အမေတို့ အသံလည်း မကြားသည်မို့ အမေတို့ပြန်မရောက်သေးတာနေမည်။ ဒီလိုနှင့် မေ‌့အခန်းထဲ‌ေရာက်‌ေရာက်ချင်း လက်ထဲကလွယ်အိတ်ကို ကုတင်ပေါ်တင်ထားလိုက်ကာ ပြတင်းပေါက်သွားဖွင့်လိုက်သည်။

ပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့်မြင်‌ေနရင်သည့်ရှေ့ကမြင်ကွင်းက အတော်လေး စိတ်ကိုလန်းဆန်းစေသည်။ မျက်စိတစ်ဆုံး လှမ်းမြင်နေရတဲ့ ထင်းရှူးတောကြီးတွေ တောင်တန်းကြီးတွေနဲ့ ရှမ်းပြည်ကိုသတိရသည်။ လက်ရှိမှာ တကယ်တန်းမြင်နေရတာတော့ လမ်းမကြီးတစ်‌ေလျာက်‌ စီတန်းကာ ‌ေပါက်‌ေနသည့် စိန်ပန်းပင်‌ေတွနှင့်လမ်းအနှံ့‌ေကြွကျနေသည့် စိန်ပန်းပွင့်ဖတ်တွေပင်။

ရုတ်တရက်မိန်းကလေးတစ်ယောက်
ထိုစိန်ပန်းပင်‌ေတွ အောက်ကနေ ဖြေးဖြေးနဲ့မှန်မှန် လမ်းလျောက်လာသည်။ ြမစိမ်းရောင်ရင်ဖုံး မဲ‌ေမှာင်‌ေနတဲ့ဆံနွယ်ရှည်တွေနဲ့ အသားအရည်မညိုမလတ် အရပ်ကလဲအတော်‌အသင့်နှင့် လက်ထဲမှာ ပန်းပွားလွယ်အိတ်ကလေးကို လွယ်လို့ထားသည်။ စိန်ပန်းပင်‌ေတွ ‌အောကျ‌ရောကျ‌တော့ သူမလမ်းလျောက်နေရင်း ရပ်သွားကာကြွေကျနေတဲ့ စိန်ပန်းပွင့်ကို ကောက်ယူနေတာကို တွေ့ရသည်။ ပြီးတော့သူမ...မေ့ကိုကြည့်ကာပြုံးပြလာသည်။

ထိုအပြုံးကိုမြင်မြင်ချင်း မေ့နှုတ်ကနေအံ့အားသင့်မှုနှင့်အတူ

"အလို..မမမြိုင်"

မေမျက်စိများ မှားနေသလားဟု‌ေတွးကာ မမမြိုင်ရှိရာဘက်‌ကို တချက်ပြန်ကြည့်လိုက်‌ေတာ့ မမမြိုင်မရှိတော့....ကြွေကျနေသော စိန်ပန်းပွင့်တွေသာ ကျန်ရစ်ခဲ့သည့်မြင်ကွင်းကိုကြည့်ရင်း မေတချက်ရီကာခေါင်းခါလိုက်ရင်း

မေ့ရဲ့မမမြိုင်Where stories live. Discover now