(Part-23)

2K 151 17
                                    

Unicode
"အပိုင်း-နှစ်ဆယ့်သုံး"

ရှမ်းပြည်ကို မမမြိုင်၏မျက်နှာလေးအား မြန်မြန်တွေ့ချင်လို့ အလောတကြီးလာခဲ့သည့်အတွက် ခရီးပန်းသွားသဖြင့် အိပ်ပျော်သွားတာ မမမြိုင်လာနိုးမှပဲ ကမန်းကတန်းထရတော့သည့် မေ့အဖြစ်ပါပင်။

ယခုမေတစ်ယောက် နေထွက်လာသည့်အချိန်ကိုကျော်ပြီး နာရီကိုကြည့်တော့မနက်၈နာရီထိုးနေပြီဖြစ်သည်။ အိပ်ယာကိုခပ်သွက်သွက် သိမ်းလိုက်ရင်း ရေလဲထမိန်ယူကာ အိမ်နောက်က အုတ်ကန်ကြီးဆီသွားပြီး မြန်မြန်ပဲ ရေချိုးလိုက်သည်။ ရေကမချိုးပဲမနေတတ်လို့ ချိုးခြင်းသာဖြစ်သော်လဲ အေးတာကတော့ အတော့်ကိုအေးသည်။ ထို့အပြင်လေကလည်း မေ့ဘက်ပါသည့်ပုံမရ တဖြူးဖြူးနှင့်တိုက်နေသည်မှာ လူပါလွင့်သွားနိုင်သည်အထိ။

ရေမိုးချိုးလို့ ပြီးတော့ အခန်းထဲ၀င်ပြေးပြီး ရင်ဖုံးလက်ရှည်၀မ်းဆက် မိုးပြာရောင်လေးကို ၀တ်လိုက်ပြီး အပေါ်ကနေ အမေထိုး‌ေပးလိုက်သည့် ဆွယ်တာအဖြူရောင်လေးကို ထပ်၀တ်လိုက်သည်။ အကျီလဲလို့ပြီးတော့ လက်ဆွဲလွယ်အိတ်အသေးလေးထဲ စာရွက်စာတမ်းတချို့နှင့်လိုအပ်သည်များကိုထည့်ကာ အိမ်ရှေ့သို့ထွက်လာလိုက်သည်။

အိမ်ရှေ့ရောက်တော့ ကျောင်း၀တ်စုံအဖြူအစိမ်းလေးနှင့်အ‌ေပါ်ထပ်အပါး‌ေလးကို၀တ်ထားပြီး အမြဲလိုလိုဖြန့်ချထားတတ်တဲ့ဆံပင်ရှည်တွေကိုလဲ ဆံထုံးလေးထုံးထားကာ ကော်ဖီပူပူလေးသောက်ရင်း အပြင်ကို‌ေငးကြည့်ကာထိုင်နေသည့် ဆရာမလေးကို ကြည့်ပြီး ရေဒီယိုကလာနေသည့် သတင်းသံတွေကို မေတစ်ယောက် မကြားနိုင်တော့ပါ။

"အို..ညီမမေ ပြင်လို့ဆင်လို့ပြီးပြီလား"

"..."

"ညီမမေ...နေမကောင်းဘူးလား"

ရှေ့ကမြင်ကွင်းလေးကို သဘောတကျနှင့်ရပ်ကြည့်နေမိတာ ဘယ်လောက်ကြာသွားလဲမသိ ထိုပုံရိပ်ကလေး တဖြေးဖြေးနီးကပ်လာပြီး ကိုယ့်နဖူးကိုထိကာ မေးလာသည့်လက်ကလေးကို သတိထားမိမှ အသိစိတ်တို့ဟာ သူ့နေရာနှင့်သူ အံ၀င်ဂွင်ကျဖြစ်သွားသော်လဲ ရင်ခုန်သံခပ်တိုးတိုးနှင့် တသိမ့်သိမ့်ခုန်နေတဲ့နှလုံးသားလေးဟာတော့ မငြိမ်သက်နိုင်။

မေ့ရဲ့မမမြိုင်Where stories live. Discover now