(Part-46)

1.4K 132 8
                                    

Unicode
"အပိုင်း-လေးဆယ့်ခြောက်"

ချီတာကျားသစ်ပုံစံနှင့်အဖွားဟာ မေတို့နားရောက်လာသည်မို့ မေနှင့်မြိုင်တို့မက်တပ်ရပ်ကာ အဖွားကိုအိမ်ထဲမှာစကားပြောကြမည်ဟုဆိုကာ ‌အိမ်ထဲပြန်၀င်လာခဲ့သည်။

"အဖွား..ဒီမှာနေရတာအဆင်ပြေလား"

ဟုမေက စမေးတော့အဖွားဟာ ခေါင်းသာငြိမ့်သည်။ ကြည့်ရသည်မှာ အဖွားလဲပင်ပန်းနေပြီထင်သည်။

"အဖွားပင်ပန်းနေရင် သမီးအခန်းထဲလိုက်ပို့မယ်နော်"

ဟုပြောတော့ဖွားဟာ ခေါင်းငြိမ့်သလို ရုတ်တရက် မြိုင့်၏လက်ကိုလှမ်းဆွဲလိုက်သည်မို့ မေကြောင်သွားရသည်။

"သမီးမြိုင်လည်း ဖွားကိုလိုက်ပို့ကွယ် ပြောစရာလေးရှိတော့ တစ်ပါတည်းပြောချင်တယ်"

ဟူဖွားကပြောလာသည်မို့ မေအံ့ဩနေရသည်။ ဖွားဟာမည်သည်ကိုဆိုလိုချင်နေပါသနည်း။

ဒီလိုနှင့်မေတို့ အိမ်ပေါ်ထပ်သို့တက်လာကာ အလယ်တွင်ရှိသော ဖွားတို့အခန်းထဲသို့၀င်ပြီး ဖွားကိုကုတင်ပေါ်လှဲစေလိုက်သည်။ ထို့နောက်မေနှင့်မြိုင်တို့တဖက်စီတွင် ၀င်ထိုင်သည်။

ထိုအချိန်တွင် အဖွားဟာစကားစသည်။

"မြေးမေ ကိစ္စတွေကိုအဖွားသိတယ်နော် သတင်းလဲ ကြားနေတာမို့ ဟိုသူငယ်နဲ့ပေါင်းပြီးမဟုတ်တာတွေမလုပ်စမ်းနဲ့နော်"

ဟုဖွားကပြောလာသည်။ ဒီတစ်ခါတွက်တော့မေခေါင်းရမ်းရသည်။ မဟုတ်တာတော့မဟုတ်ပင်မဲ့ လုပ်ကိုလုပ်မည့်ကိစ္စကို ရည်ရွယ်နေသည်မို့ ခေါင်းရမ်းရသည်မှာ ခက်သည်။

"သမီးမြိုင် သမီးဆီ မေလေးကိုအပ်တယ်နော် ဒီကလေးမက ရန်ကုန်မတုံးက‌လည်း သမီးအကြောင်းပဲပြောနေတာ အခြေနေအရပ်ရပ်ကိုလဲဖွားက ကြိုမြင်နေတာမို့ မဟုတ်တဲ့လူ‌နဲ့ဆို‌ရင်တော့တားမိမှာပဲ။ ဒါပင်မဲ့ အင်း သဘာ၀ကိုကျူးလွန်နေလဲ ဒုက္ခသာမရောက်ရင်အဆင်ပြေတာမို့ အေးတဲ့အချိန်ကြီး အပြင်ထွက်လို့ အလွမ်းသယ်မနေကြနဲ့ကွယ်"

ဟုဖွားဟာပြုံးတုံးတုံးပြောလာသည်မို့ ဒီတစ်ခါတွင်တော့ မေတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အလိုလျောက်ပြုံးမိကြသည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now