(Part-38)

1.8K 144 10
                                    

Unicode
"အပိုင်း-သုံးဆယ့်ရှစ်"

မေနှင့်မြိုင် ဦးလေးနောင်၏ လေကြောမှာပိတ်မိနေပြီးချွေးပြန်လာမိသည်။ ဘာလို့များမသိ ဦးနောင်တစ်ယောက် ဒီနေ့မှအတော်ကိုစကားတွေပြော‌ေနသည်။

"ဦးနောင် ဘာကိစ္စများရှိလို့လဲ ပုံမှန်ထပ်စကားတွေတွေပြောနေလို့"

"ဘာမှမဟုတ်ဘူး ကဲကဲ ဓာတ်ပုံရိုက်ကြတာပေါ့ နေ့လည်ပဲရောက်တော့မယ် ငါ့သမီးတွေပြန်ရင်နေပူနေမယ် လာကြလာကြ"

ဟုပြောကာ ခရီးဆောင်အိတ်ထဲက ကင်မရာထုတ်ကာ မေတို့အပြင်ထွက်လာလိုက်ကြသည်။

"ကဲ လာ ဒီဘက်စမ်းချောင်းလေးနားရပ်ကြ ဒါနဲ့နှစ်ယောက်တွဲပုံရိုက်ကြမှာလား"

"ဟုတ်တယ်ဦးနောင်"

"ကဲဒီလိုဆိုလဲ နည်းနည်းကပ်ကြပါလားကွဲ့ ဘယ်လိုလုပ် တစ်နေရာစီခြားနေကြသတုံး"

‌ဦးနောင်ပြောတာလဲဟုတ်နေသည်။ မြိုင်နှင့်မေကွာဝေးနေတာအလယ်မှာတံတားထိုးလို့ရနေပြီဖြစ်သည်။ မြိုင်ဟာစိတ်ဆိုးပြီး မေ့ကိုသဘောမကျတော့တာများလား။

"မမမြိုင် ဒီဘက်ကိုတိုးလေ.."

"အင်း"

မြိုင်တစ်ယောက်အင်းဟုသာပြောနေသော်လည်းခန္ဓာကိုယ်ကရွေ့မရတော့။ တကယ်ကိုရှက်နေသည်။ ရှက်လွန်း၍မေ့အနားကိုမသွားချင်တော့။ သို့‌ေသာ်ရှက်ပါတယ်ဆိုမှ မနက်ကအကြောင်းပြန်တွေးမိပြီး
မျက်နှာတွေပူလာတာကို မြိုင်သတိထားမိနေသည်။

မေတစ်ယောက်မမမြိုင်၏အ‌ခြေအနေကိုအကဲခတ်မိနေသည်။ ဒီလိုပုံအတိုင်းသာဆိုဓာတ်ပုံရိုက်လို့ရပါတော့မလား။ ဒါကြောင့်မေကပဲ မမမြိုင်ကိုသွားဖတ်လိုက်ရင်း နှစ်ယောက်ထဲကြားနိုင်သည်ဆိုရုံလောက်...

"ကဲ..မမမြိုင်ဘာလို့ဒီလောက်..မျက်နှာကရဲနေရတာလဲ"

"အမ...အမရှက်လို့ ညီမမေရဲ့"

မေတစ်ယောက် မမမြိုင်၏အရှင်သည်းနေသည့် ပုံလေးကိုကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။ ဒီလူသားလေးဟာသူမရဲ့ကမ္ဘာငယ်လေး။ လက်တွဲဖော်လေးဖြစ်သည်။

မေ့ရဲ့မမမြိုင်Where stories live. Discover now